Selena Gomez ရဲ့ ခံစားချက်တစ်ချို့

selena_gomez_109-wide.jpg
Shares 0

          ရိုးရှင်းပြီး အမှီအခိုကင်းစွာ ပြောဆိုတတ်သူ Selena Gomaz ရဲ့ ခံစားချက်တစ်ချို့ကို အခုလို သိခွင့်ရခဲ့ပါတယ်။ Who run the wold? ဆိုသလိုပေါ့။ လွတ်လပ်ပြီး နာမည်ကျော်တဲ့ စွမ်းအားရှင် လေဒီလေးတွေကို အားကျသူအချို့အတွက် နမူနာအနေနဲ့ လေ့လာလို့လည်းရအောင်ပါ။

(၁)     စွမ်းအားအပြည့်ရှိတယ်လို့ ခံစားနေရတဲ့ Selena

          “ဒီနှစ်ရဲ့ အစမှာတော့ ကျွန်မတကယ့်ကို အင်အားပြည့်ဝနေတယ်လို့ ခံစားရတယ်။ ကျွန်မက အမြဲတမ်း ကိုယ့်ကိုယ်ကို သူများထက် တစ်ပန်းနိမ့်နေတယ်လို့ လျှို့ဝှက်စွာ ခံစားနေတတ်တယ်။ ကျွန်မ Disney မှာတုန်းက Miley , Jona Borthers နဲ့ Demi တို့က ထိပ်ပေါ့။ ကျွန်မရဲ့ ကြည့်ပုံ ၊ ပြုမူပုံ ၊ ဆိုပုံ ၊ ရေးသားပုံတွေကို မေးခွန်းထုတ်ကြည့်မိတယ်။ နောက်ကျွန်မ ၂၀ လောက်ရောက်တဲ့အချိန်မှာ တကယ်ဆိုးဝါးတဲ့ လမ်းခွဲမှုနဲ့လည်း ကြုံရရော ကျွန်မအနေနဲ့ “ဆန္ဒရှိရင် ဖြစ်အောင်လုပ်ရမယ်” ဆိုတာကို စတင်နားလည်လာတယ်။ သိပ်အံ့သြဖို့ကောင်းပြီး ကျွန်မအားလုံးကို သိမ်းပိုက်ချင်လာတယ်။ ဒီလိုဖြစ်လာတဲ့ အတွက်လည်း ကျွန်မအရမ်းဝမ်းသာပြီး အခုဆို ကျွန်အားလုံးအတွက် အဆင်သင့်ဖြစ်နေပြီလေ” လို့ ပြောပါတယ်။

(၂)     သူမရဲ့ ပရိသတ်တွေအတွက်ကတော့ –

          “ကျွန်မရဲ့ ပရိသတ်တွေအတွက် ကျွန်မလုံလောက်အောင် စွမ်းဆောင်နိုင်တယ်လို့ မထင်သေးပါဘူး။ ကျွန်မအများကြီးလည်းလုပ်ရဦးမယ် ၊ ပြင်းပြင်းထန်ထန်လည်း လုပ်ရဦးမယ်။ ပြီးတော့ ကြိုးစားရဦးမယ်။ ဒါပေမယ့် သင် စတိတ်စင်ပေါ် လမ်းလျှောက်လာတဲ့အချိန် သင့်ကိုတွေ့ရဖို့ အပြင်မှာ နာရီပေါင်းများစွာ ကြာအောင် စောင့်နေတဲ့သူတွေကို တွေ့ရတဲ့ခံစားချက်က ဘာနဲ့မှအတူအောင် ခမ်းနားလွန်းပါတယ်” လို့ ဆိုပါတယ်။

(၃)     အမျိုးသားတွေနဲ့ပတ်သက်တဲ့ သဘောထားဆိုတော့-

          “အင်အားရှိတဲ့ အမျိုးသမီးတွေကို ခြိမ်းခြောက်တတ်တဲ့ ယောက်ျားတွေ အကြောင်း Katy Perry နဲ့ ပြောဖူးပါတယ်။ ကျွန်မရဲ့ ဘ၀နေထိုင်မှုပုံစံကို နားလည်နိုင်တဲ့သူ တစ်ဦးမှ ရှာမတွေ့သေးဘူး။ ကျွန်မကို အထောက်အကူပြုနိုင်တဲ့သူ ၊ တစ်လျှောက်လုံးချစ်နိုင်တဲ့သူ မတွေ့ရသေးပါဘူး။ ကျွန်မရဲ့ပုံစံက ဘာနဲ့ တူသလဲဆို “ကျွန်မရဲ့ ကမ္ဘာကြီးကို ပြောင်းလဲချင်တယ်။ ကျွန်မမှာ အိမ်မက်တွေရှိတယ်။ ကဲ- မင်းဘာလုပ်မလဲ” ဆိုတာလိုမျိုးပဲ။ ကျွန်မဘယ်လိုဖြစ်လာမယ် ဆိုတာတစ်ခုတည်းပဲ ကျွန်မသိတယ်။

          သူမရဲ့ ခံယူချက်နဲ့ ခံစားချက်တချို့ကို ဖတ်ပြီးတဲ့အခါမှာတော့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်လိုစိတ် အပြည့်ရှိပြီး စိတ်ဓါတ်ခွန်အားတွေ မွေးမြူနေတဲ့ မိန်းကလေးတစ်ဦးလို့ ခံစားမိပါတယ်။ ဘ၀ကို နည်းမှန်လမ်းမှန်နဲ့ အမျိုးသမီးတစ်ယောက်တည်း မလဲပြိုအောင်လျှောက်ဖို့ အနည်းငယ် ခက်ခဲတတ် ပေမယ့် သူမကတော့ အားအင်ပြည့်တဲ့ အတောင်ပံတစ်စုံနဲ့ ကြိုးစားနေဆဲဖြစ်လို့ အားပေးလိုစိတ်များလည်း ဖြစ်မိပါတယ်။

Ref:seventeen.com

 

 

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *