ပရီးမီးယားလိဂ်ပထမဆုံး ဟက်ထရစ်ဂိုးသွင်းယူခဲ့တဲ့ Eden Hazard က ချယ်လ်ဆီးအသင်းနဲ့ ဒီရာသီ ဖလားကို သိမ်းပိုက်ဖို့  ရည်မှန်းထားကြောင်း ထုတ်ဖော်ပြောဆို

eden-hazard-chelsea-newcastle-premier-league-football_3080412.jpg
Shares 0

ချယ်လ်ဆီးကြယ်ပွင့် Eden Hazard ဟာ ပရီးမီးယားလိဂ်မှာ သူ့ ရဲ့ပထမဆုံးဟက်ထရစ် ကို နယူးကာဆယ်နဲ့  ပွဲမှာ သွင်းယူခဲ့ပြီး ချယ်လ်ဆီးအသင်းကို အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ပို့ ဆောင်ပေးနိုင်ခဲ့ပါတယ်။

ရာသီကုန်ဆုံးဖို့ ပွဲစဉ် ၁၃ ပွဲသာ လိုတော့တဲ့ အချိန်မှာ ချယ်လ်ဆီးအသင်းက ရမှတ် ၅၆ ၊ အာဆင်နယ်အသင်းက ရမှတ် ၅၅ ၊ မန်စီးတီးက ရမှတ် ၅၄ ၊ လီဗာပူးလ်အသင်းက ရမှတ် ၅၀ နဲ့ အစဉ်လိုက် ရပ်တည်လျက်ရှိပါတယ်။

နယူးကာဆယ်ကို အနိုင်ရပြီး ပရီးမီးယားလိဂ်ထိပ်ဆုံးတက်ရောက်နိုင်ခဲ့ပေမယ့် ချယ်လ်ဆီးအသင်းနည်းပြ မော်ရင်ဟို က  မန်စီးတီးအသင်းဟာ ဖလားရရှိဖို့ အကောင်းဆုံးဖြစ်နေတယ်လို့  ပြောဆိုလိုက်ပါတယ်။

ဘယ်လ်ဂျီယံတိုက်စစ်ကစားသမား Hazard က

“ ကျွန်တော် ညအိပ်ရာဝင်တိုင်း အိပ်မက်မက်နေတာကတော့ လိဂ်ရဲ့ ထိပ်ဆုံးနေရာကို ရောက်ရှိဖို့ ပါ။ ရာသီကုန်ထိ အခုလို ထိပ်ဆုံးမှာဆက်ရှိနေမယ်လို့ ထင်ပါတယ်။ ဒီအသင်းအတွက် ကစားရတာ အရမ်း ကျေနပ်ဖို့ ကောင်းပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ် ၂၅ မှာ လီဗာပူးလ်နဲ့ အာဆင်နယ်အသင်းတို့ တွေ့ ဆုံခဲ့ကြပြီး ၅ – ၁ ဂိုးနဲ့ ကြိုးကြာနီတို့ က အပြတ်အသတ်အနိုင်ယူခဲ့ပါတယ်။ လက်ရှိချန်ပီယံမန်ယူကတော့ အဆင့် ၇ ကျိန်စာဆိုးက မတက်နိုင်သေးဘဲ ပေါ့ဆမှုကြောင့် အိုးထရက်ဖို့ ဒ်မှာ ဖူလ်ဟမ်ကို ၂ ဂိုး ၂ ဂိုးနဲ့ သရေကျခဲ့ပါတယ်။

Ref: bbc.com

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *