‘Gin and Juice’ သီချင်းကို cover ပြန်ဆိုပြီး Snoop Dogg ကို ဂုဏ်ပြုခဲ့တဲ့ Kid Ink

kid-ink-live-lounge.jpg
Shares 0

 

West Coastဟာ ဇရှိတဲ့သူတွေကို မွေးထုတ်ပေးတယ်။ Kendrick Lamar, Nipsey Hussle, Kid Ink နဲ့ Odd Future တို့ပေါ့။ ဒီလိုပဲ သူတို့ရဲ့ရှေ့မှာ ကျွန်တော်တို့ မေ့မရတဲ့ ဆရာသမားတွေ ရှိသေးတယ်။ Dr. Dre, Nate Dogg, Warren G နဲ့ Snoop Dogg. အဲ့ဒီ့ဆရာသမားတွေထဲကမှ Snoop Doogရဲ့ classic ရပ်ပ်သီချင်းတစ်ပုဒ်ဖြစ်တဲ့ ‘Gin and Juice’ သီချင်းကို Kid Inkက ပြန်ဆိုပြီး ဂုဏ်ပြုခဲ့တယ်။

BBC ရေဒီယို 1Xtra Live Lounge ဖျော်ဖြေမှုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ Kid Inkဟာ ‘Gin and Juice’ သီချင်းကို စာသားနည်းနည်း ဖြည့်စွက်မွမ်းမံပြီး အစပိုင်းတစ်ကြောင်း၊ နှစ်ကြောင်းမှာ သူ့ကိုယ်ပိုင် Into နဲ့ ဆိုသွားခဲ့ပါတယ်။

၁၉၉၄ခုနှစ်လောက်က မူရင်းသီချင်းစာသားတွေကို ကာရံထပ်သွားခဲ့ပုံက “With so much drama in the L.A. street / It’s hard being you know me Kid Ink.”

“Seagram’s gin” နေရာမှာ “Patron here” ဆိုပြီး ပြောင်းဆိုသွားတာတွေလဲ ပါပါတယ်။ Kid Ink ရဲ့အသံက Snoop Dogg နဲ့မတူပေမဲ့ ဒီ cover နားထောင်ရတာ Snoop Dogg ရဲ့ အစောပိုင်းကာလတွေကို ပြန်ရောက်သွားရ သလိုပဲ ခံစားရစေပါတယ်။

“Uncle Snoop Dogg” ဆိုပြီးတော့လည်း Twitter ကတဆင့် Snoop Doggကို Kid Ink ကဂုဏ်ပြုခဲ့ပါသေးတယ်။

Ref:theboombox

 

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *