ဆွယ်တာပုံစံအမျိုးမျိုးကို ဘယ်လိုစကတ်မျိုးနဲ့ တွဲဝတ်သင့်သလဲ

sev-sweaters-and-skirts-7whyja-lgn.jpg
Shares 0

          တကယ်လို့များ သင့်အနေနဲ့ ဆောင်းအကုန် နွေအကူးရာသီလေးမှာ စကတ်လေးတွေနဲ့ လန်းချင်တယ်ဆိုရင်တော့ ဆွယ်တာလေးတွေက အလိုက်ဖက်ဆုံးပါ။ ဒါကိုတော့ Emma Roberts, Vanessa Hudgens နဲ့ Kiernan Shipka တို့က သက်သေပြထားပါတယ်။

          ဘယ်လိုစကတ်ပုံမျိုးက ဘယ်လိုဆွယ်တာမျိုးနဲ့ လိုက်ဖက်ပြီး ဘယ်စတိုင်မျိုးဝတ်ဆင်ရမယ်ဆိုတာတွေ အနည်းငယ်လေ့လာကြည့်ရအောင်။

(၁)     ဆွယ်တာရှည် ၊ boots နဲ့ ကတ္တီပါသား စကတ်တို့က တကယ့်ကို ၉၀ခုနှစ်တွေတုန်းက အရမ်းမိုက်ခဲ့တဲ့ စတိုင်ပါပဲ။ ဒါပေမယ့် အခုထိလည်း ခေတ်စားဆဲပါပဲ။ ဒါကိုတော့ Emma က ၂၀၁၄ စတိုင် ဘေးလွယ်အိတ်ရှည်လေး ထပ်ဖြည့်လို့ ခြေကျင်းဝတ်လောက်ရှိတဲ့ boots တစ်ရံနဲ့ တွဲဖက်ထားတာပါ။

(၂)     ဇာပါးတစ်လွှာနဲ့ စကတ်တွေဆိုတာ နွေရာသီအတွက်ပဲ အသုံးဝင်တာမဟုတ်ပါဘူး။ Vanessa က ဒီအချက်ကို ကောင်းကောင်းအသုံးချသွားခဲ့ပါတယ်။ သူမရဲ့ ဆိုဒ်ကြီးနေတဲ့ ဆွယ်တာဟာ ဒီလိုစကတ်မျိုးနဲ့ အလိုက်ဖက်ဆုံးဖြစ်ပြီး ဒီအတွက်တော့ အရောင်တူ boots အမြင့်တစ်ရံလိုပါတယ်။ သူမကိုကြည့်ရတာ အလွန်မိုက်ပြီးတော့ အဆင့်ရှိသလို ခံစားရပါတယ်။

(၃)     Kiernan က သူမရဲ့ ပန်းပွင့်အဆင်စကတ်ကို ခန္ဓာကိုယ်အလယ်ပိုင်းအထိ ၀တ်ထားပြီးတော့ ကိုယ်နဲ့ ကွက်တိဖြစ်နေတဲ့ ဆွယ်တာအကျပ် အတိုလေးနဲ့ တွဲဝတ်ထားတာပါ။ တ၀က်လောက်သာရှိတဲ့ ဆွယ်တာက ခါးအလယ်ပိုင်းမှာ ၀တ်ရတဲ့ စကတ်ကို ညွှန်ပြပေးသလိုဖြစ်နေပါတယ်။ အရောင်တောက်တဲ့ ပန်းပွင့်လေးတွေက ချစ်စရာကောင်းတဲ့ အသွင်အပြင်ကို ပေးနေပါတယ်။

Ref:seventeen.com

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *