‘Spartacus’ မင်းသား Liam McIntyre မင်္ဂလာပွဲကျင်းပ

liam-erin-12312sp.jpg
Shares 0

 

မင်းသား Liam McIntyre ဟာ သူစေ့စပ်ထားတဲ့ သတို့သမီးလောင်း Erin Hasanနဲ့အတူ ဧည့်ပရိသတ် ၁၂၀ရဲ့ရှေ့မှောက်မှာ မင်္ဂလာပွဲကျင်းပခဲ့ပါတယ်။ ဒီစုံတွဲနှစ်ယောက်ဟာ သြစတြေးလျနိုင်ငံ၊ Melbourne ဆိပ်ကမ်းမြို့မှာရှိတဲ့ St. John’s Anglican Church မှာ ဇန်န၀ါရီလ၊ ၅ရက်နေ့က လက်ထပ်မင်္ဂလာပွဲကျင်းပ ခဲ့ကြတာပဲဖြစ်ပါတယ်။

“အတိုင်းထက် အလွန် ပျော်တာပေါ့ဗျ။ ကလေးတုန်းက စိတ်ကူးခဲ့ရတဲ့ ထပ်တူကျအချစ်ကို အမှန်တကယ်တွေ့လိုက်ရတာပဲ။ ထာဝရပါပဲလို့ သိလိုက်ရတာ ဒီနေ့ ပထမဆုံးပါပဲ။” လို့ Liam McIntyre က သူ့ရဲ့ မင်္ဂလာပွဲပြီးတဲ့နောက်မှာ People မဂ္ဂဇင်းကို ပြောပြခဲ့ပါတယ်။

“အိုး၊ ဘုရားသခင်။ သင်ကောင်းချီးပေးတဲ့ ညတစ်ညဟေ့။” လို့လည်း Twitter မှာ Post လုပ်ထားခဲ့ပါသေးတယ်။

Liam McIntyre နဲ့ သြစီအဆိုတော် Erin Hasan တို့ဟာ နှစ်နှစ်တာချစ်ကြိုက်ခဲ့ကြပြီးတဲ့နောက် ၂၀၁၀ခုနှစ်မှာ စေ့စပ်ခဲ့တာဖြစ်ပါတယ်။ ခုဆိုရင်တော့ သူတို့ရဲ့ သံယောဇဉ်သက်တမ်းဟာ ၅နှစ်ကျော်ခဲ့ပါပြီ။ Liam McIntyre ဟာ Erin Hasan ကို Disneyland ကိုခေါ်သွားခဲ့ပြီး နှစ်လို့ဖွယ် မင်းသမီးလေးအဖြစ် ၀တ်ဆင်ပေးခဲ့ပါတယ်။

Liam McIntyre ဟာ Giorgio Armani S.p.A. ၀တ်စုံကို ၀တ်ဆင်ခဲ့ပြီး  သူ့ရဲ့ သတို့သမီးကတော့ Monique Lhuillier ဂါဝန်ကို ၀တ်ဆင်ခဲ့ပါတယ်။

Ref:starpulse

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *