ဖိုးကာနဲ့ သူ့ရဲ့အခွေသစ်အကြောင်း

great_ocean_352.jpg
Shares 0

ကိုဖိုးကာရဲ့ 'အိမ်မက်၁၊အိမ်က်၂'နဲ့ ပတ်သက်ပြီး အစီအစဉ်မရှိဘဲ ထွက်ဖြစ်သွားတဲ့ အကြောင်းအရင်းလေး သိချင်ပါတယ်။

လုပ်ရမှာ နည်းနည်းပျင်းတာလည်း ပါတယ်။ အမြဲတမ်းလည်း မီဒီယာတွေနဲ့တွေ့တိုင်း ဒီအခွေလေး အကြောင်း ပြောဖြစ်နေတာလည်း ပါတယ်လေ၊ အခွေထွက်မယ့်ရက်ကိုသာ မပြောဖြစ်လိုက်တာပါ။ အခုထွက်တာကလည်း Audio CD ထွက်တာဆိုတော့ မလုပ်ဖြစ်တော့တာလည်း ပါပါတယ်။ အခုက ဘေလ်ဘုတ် နည်းနည်းရှားလာတာလည်း ပါတယ်။ ဘေလ်ဘုတ်နောက်ကို မလိုက်ချင်တော့တာလည်း ပါတယ်။ အခုက ကိုယ်ပိုင်ဘေလ်ဘုတ်တွေ များလာပြီလေ။ ဘေလ်ဘုတ်အကြီးကြီးတွေကျတော့လည်း ဈေးက တအားမြင့်တယ်။ ဘေလ်ဘုတ် အသေးလေးတွေကျတော့လည်း သူ့ဟာနဲ့သူပြည့်နေကြတာ။ ကြိုတင် ဘွတ်ကင်ယူမှရမှာလေ။ ကိုယ်ကလည်း ချက်ချင်း ထွက်ချင်နေတော့ ဘာမှလုပ်ဖို့မမှီတော့တာနဲ့ မလုပ်ဖြစ်တော့တာပါ။

ခိုးကူးနဲ့ပတ်သက်ပြီး စိုးရိမ်မိတာမျိုး ရှိခဲ့သေးလား။

အခုကဖမ်းဆီးတာလည်း ရှိနေတော့ မူရင်းခွေ ရောင်းအားတက်တယ်လေ။ ဒါပေမဲ့ မူရင်းခွေရောင်းတဲ့ဆိုင် ဆိုတာလည်း ရန်ကုန်လိုမျိုး မြို့ကြီးတွေမှာပဲ ရနိုင်တာလေ။ ရန်ကုန်မှာကလည်း မူရင်းခွေတောင် သိပ်နီးနီးနားနားမှာ ၀ယ်လို့မရသေးပါဘူး။ နယ်တွေမှာကျတော့ခိုးကူးနဲ့မှ အဆင်ပြေတာလေ။

အခွေရဲ့ ရောင်းအားအခြေအနေကရော ဘယ်အတိုင်းအတာလောက် ရှိနေပြီလဲ။

အခုထိဆိုရင်  ၃၅၀၀ကျော်လောက်ရှိပါပြီ။ ရောင်းအားကောင်းတယ်လို့ပြောလို့ရပါတယ်။

ဒီအခွေလေးထဲမှာရော ကိုဖိုးကာနဲ့ထပ်တူ ပရိသတ်ကြိုက်မယ့် သီချင်းလေးတွေ ဘယ်နှစ်ပုဒ်လောက် ပါမလဲ။

ကျွန်တော်ကတော့ သီချင်းတွေအကုန်လုံး ကိုယ်တိုင်လုပ်ထားရတဲ့အတွက် ကိုယ့်ရဲ့ရင်ဝယ်သားလိုပဲပေါ့။ အကုန်လုံးနီးနီးကြိုက်ပါတယ် 'အိမ်မက်၁၊အိမ်မက်၂'၊ 'စက်ရုပ်'၊ 'အသည်းကွဲရာသီ'နဲ့ 'အရင်လို'တို့ ဆိုတဲ့သီချင်း လေး၊ငါးပုဒ် လောက်ကတော့ ပရိသတ်ကြိုက်လိမ့်မယ်လို့ ထင်ပါတယ်။

အစ်ကိုထွက်ခဲ့သမျှအခွေတွေထဲမှာ ဘယ်အခွေကိုအားရကျေနပ်မှုအရှိဆုံးလဲ။

အခွေတွေအကုန်လုံးကတော့ ကိုယ်ကိုတိုင် အားရကျေနပ်မှုရှိမှ ထုတ်ဖြစ်တာ များတယ်လေ။ 'တစိမ့်စိမ့်ကြည့်' ဆိုတဲ့အခွေကတော့ ကျွန်တော့်ဘ၀ရဲ့ မှတ်တိုင်တစ်ခုလို့ ပြောရမှာပေါ့။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *