ဆွစ်ဇာလန်မော်ဒယ် Manuela Tajana နဲ့ ခဏတာ

manuelafrey7jpg114866.jpg
Shares 0

          မော်ဒယ်တွေကို လျှောက်လမ်းပေါ် (ဒါမှမဟုတ်) မဂ္ဂဇင်းတွေမှာ မြင်တဲ့အခါ သူတို့တွေက  အမြဲတမ်း ပြည့်စုံနေတယ်။ လှပပြီးနူးညံ့တဲ့ ခြေတံရှည်တွေ ၊ smokey eye တွေ ၊ ခေါင်းအုံးလို ဖောင်းကြွကြွ နှုတ်ခမ်းလေးတွေနဲ့ လုံးဝကို သစ်လွင်နေတာပဲ။

ဒါပေမယ့် သူတို့တွေ မနက်ခင်းနှိုးလာတဲ့အခါ မိတ်ကပ် မပြင်ရသေးတာမျိုး ၊ ညက မိတ်ကပ်အကျွင်းအကျန်တွေကို မဖျက်ရသေးတာမျိုး၊ အရက်မူးမူးနဲ့ နိုးလာတာမျိုး၊ ဗိုက်ဆာဆာနဲ့ နိုးလာတာမျိုးကို တွေ့လိုက်ရမယ်ဆိုရင်တော့ သူတို့တွေဟာလည်း သာမန်လူတွေလိုပါပဲလားလို့ တွေးမိပါလိမ့်မယ်။  

ဒီတော့ နယူးယောက် ဖက်ရှင် ရက်သတ္တပါတ်အတွင်း မော်ဒယ်တချို့ကို သူတို့ မနက်လင်းရင် ဘာစားလဲ ၊ သူတို့ နိုးနိုးချင်းပုံစံဟာဘာနဲ့တူလဲ ပြီးတော့ ရှိုးမလျှောက်ခင် တစ်ရက်အလိုမှာဆို ဘာတွေလုပ်လဲလို့ မေးကြည့်မိပါတယ်။

ဒီထဲကမှ Elite World ရဲ့ မော်ဒယ်လေးဖြစ်တဲ့ ManuelaTatjana ကို မေးကြည့်တဲ့အခါ –

“ကျွန်မက ဆွစ်ဇာလန်သူဖြစ်ပြီး Manuela လို့ခေါ်ပါတယ်။ မော်ဒယ်အလုပ်ကိုတော့ ၂၀၁၂ ခုနှစ်က Elite Model Look Swizerland မှာ အနိုင်ရရှိခဲ့တာကြောင့် စလုပ်ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ရာသီလောက် ကပေါ့ ၊ Clavin Klein ရှိုးပွဲ NYCမှာ လျှောက်ဖြစ်ခဲ့ရာကစပြီး ဒီလမ်းကြောင်းနဲ့ အသက်မွေးဖြစ်ခဲ့ပါတယ်။ မော်ဒယ်အဖြစ် မလုပ်ခင်တုန်းကတော့ soccer ဘောလုံးပွဲ အတော်များများ ကစားခဲ့ဖူးတယ်။ တစ်ခါတစ်လေမှာ အရပ်ရှည်ရှည်နဲ့ ကောင်လေးတွေ အများကြီးကြားထဲက တစ်ဦးတည်းသော မိန်းကလေးပေါ့ (ရယ်လျက်)။ အခုနောက်ပိုင်းလည်း တစ်ခါတစ်လေ အိမ်ပြန်တဲ့အချိန်တွေမှာ အဖေနဲ့ အကိုတွေမောင်တွေနဲ့ ကစားနေတုန်းပါပဲ။

ကျွန်မရဲ့ အားလပ်ချိန်တွေမှာတော့ ကျွန်မပန်းချီဆွဲပါတယ်။ ပန်းချီဆွဲတာဟာ ကျောင်းတုန်းကတည်းက ကျွန်မအရမ်းနှစ်သက်ရတဲ့ ဘာသာရပ်ဖြစ်ပြီး ကျွန်မကို အပန်းပြေစေတယ်။ စိတ်ငြိမ်စေတယ်လေ။ ပြီးတော့ ဘာသာစကားတွေကိုလည်း ကျွန်မနှစ်သက်ပါတယ်။ အီတလီ ၊ အင်္ဂလိပ်၊ ဆွစ်ဂျာမန် ၊ ဂျာမန်နဲ့ ပြင်သစ်စကားတွေကို ကျွန်မပြောတတ်ပါတယ်။ အခုတော့ ကျွန်မ စပိန်ဘာသာစကား ကို ကိုယ့်ဟာကိုယ် စတင်လေ့လာနေပါပြီ။ ပြီးတော့ ကျွန်မအသက်ကြီးလာတဲ့ အခါမှာ ဒီဘာသာစကားတွေကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်နိုင်ဖို့က ကျွန်မရဲ့ ရည်မှန်းချက်တစ်ခုပါပဲ” လို့ ဖြေသွားပါတယ်။

(၁)   ကျွန်မနိုးနိုးချင်းကတော့ ဒီလိုပုံစံပေါ့ ။ 

(၂) မနက်မိုးလင်းရင် အခုလို ရေခဲရေနဲ့ မျက်နှာသစ်ပါတယ်။ အဲဒီလိုသစ်ပြီးသွားရင်တော့ ကျွန်မ တကယ့်ကို လန်းဆန်းသွားတာပဲ ။

(၃)  တကယ်အဟာရဖြစ်ဖို့လိုပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ မနက်စာတစ်နပ်က ဖက်ရှင် week တွေအတွက်ဆို အမြဲတမ်းပဲအရေးကြီးပါတယ်။

(၄)  ကဲအခုဆိုရင်တော့ ကျွန်မ စတင်သရုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်ပြီပေါ့။

Ref:elle.co.uk

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *