အင်္ဂလန်နိုင်ငံမှာ ပြန်လည်ကျင်းပမယ့် နာမည်ကျော် Volvo World Matchplay ဂေါက်သီးရိုက်ပြိုင်ပွဲ

_72777498_graeme_mcdowell_getty.jpg
Shares 0

Volvo World Matchplay ချန်ပီယံရှစ်ပြိုင်ပွဲကြီးဟာ ဒီနှစ် ၂၀၁၄ မှာ ကျရောက်တဲ့ နှစ် ၅၀ ပြည့်အထိမ်းအမှတ် အဖြစ် အင်္ဂလန်နိုင်ငံ ၊ လန်ဒန် ဂေါက်ကလပ် မှာ ပြန်လည်ကျင်းပသွားမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီပြိုင်ပွဲ စတင်ကျင်းပခဲ့ရာဇာတိ Wentworth ဂေါက်ကွင်း မှာတော့ ပြုလုပ်သွားမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

ကန့် ကောင်တီ မှာရှိတဲ့ လန်ဒန်ဂေါ့ဖ်ကလပ် က ကြီးမှူးကျင်းပတဲ့ ဒီပြိုင်ပွဲမှာ ဆုကြေးငွေစုစုပေါင်း ပေါင် ၁.၈ သန်း ချီးမြှင့်မှာဖြစ်ပြီး အောက်တိုဘာ ၁၅ ရက်ကနေ ၁၉ ရက်အတွင်း ကျင်းပသွားမှာဖြစ်ပါတယ်။

“ ၅၀ နှစ်ပြည့် နှစ်ပတ်လည်အဖြစ် အင်္ဂလန်မှာ ဒီချန်ပီယံရှစ်ပြိုင်ပွဲကြီးကို ပြန်လည်ကျင်းပမယ်ဆိုတာဟာ အရမ်းဂုဏ်ယု ၀မ်းသာစရာပါ” လို့  Volvo World Matchplay လက်ရှိ ချန်ပီယံ Graeme McDowell က ပြောကြားသွားခဲ့ပါတယ်။

စပိန် နဲ့ ဘူဂေးလ်ရီးယားတို့ မှာ ပြုလုပ်နေခဲ့တဲ့ ဒီပြိုင်ပွဲကြီးဟာ ၂၀၀၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အင်္ဂလန်ကို ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။

လေးယောက်တစ်အုပ်စုစီ လေးအုပ်စု ယှဉ်ပြိုင်ရမှာဖြစ်တဲ့ ပြိုင်ပွဲအတွက် ပထမဆုငွေကတော့ ပေါင် ငါးသိန်း လေးသောင်း ဖြစ်ပါတယ်။ အင်္ဂလန်ဟာ ဒီနှစ်အစပိုင်းမှာတင် အဓိကပြိုင်ပွဲကြီးသုံးခုကို အောင်မြင်စွာ စီစဉ်ကျင်းပနိုင်ခဲ့ပါတယ်။

BMW ချန်ပီယံရှစ်ကို Wentworth ကလပ် ၊ အိုးပင်းပြိုင်ပွဲကို Hoylake တို့ မှာ ကျင်းပခဲ့ပြီး အခု Volvo World Matchplay ကို လန်ဒန်ဂေါ့ဖ်ကလပ်မှာ ကျင်းပမှာဖြစ်ပါတယ်။

Ref: bbc.co.uk

 

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *