Album အသစ်အတွက် စတူဒီယိုထဲဝင်နေပြီဖြစ်တဲ့ Linkin Park

linkin_park_in_studio_for_new_album.jpg
Shares 0

 

Linkin Park ရဲ့အဖွဲ့ဝင် Mike Shinoda က သူတို့အဖွဲ့ရဲ့ album အသစ်ဟာမျှော်မှန်းထားတာထက်ပိုစောပြီး ထွက်နိုင်ဖွယ်ရှိတယ်လို့အရိပ်အမြွက်ဆိုပါတယ်။

သူတို့ဝိုင်းရဲ့ ပဉ္စမမြောက် album အတွက် စတူဒီယိုထဲမှာအလုပ်များနေတာဖြစ်ပြီး ဒီ album ဟာ ပွဲတော်ကာလအတွင်းထွက်နိုင်မယ်လို့ထင်ရပါတယ်။

“Linkin Park ပရိတ်သတ်အများစုသိတဲ့အတိုင်း album တိုင်းဟာသူ့ရှေ့က album နဲ့တော်တော်လေးကွဲပြားလေ့ရှိပါတယ်။ Album အသစ်ကလည်းဒီလိုပါပဲ။ ဒါပေမယ့်ထုံးစံအတိုင်း ဒီ album ကိုဖန်တီးနေချိန်မှာပဲအလှည့်အပြောင်းတွေဖြစ်နေပါတယ်။ အဲဒီ့တော့ ဒီနေ့ဘယ်လိုအသံမျိုးထွက်မယ်ဆိုတာကို ခန့်မှန်းဖို့ကြိုးပမ်းမှုတိုင်းကကြောင်တောင်တောင်နိုင်ပါလိမ့်မယ်။ ဒီ album ကဒီလိုမျိုးဖြစ်မယ်လို့ပြောလိုက်တယ်ဆိုပါတော့ တစ်ပါတ်အတွင်းမှာ မတူညီတဲ့အရာတစ်ခုအဖြစ် ရုတ်တရက်ကြီးအလိုလိုပြောင်းသွားမှာပါ။ ဒါပေမယ့် ကျွန်တော်ပြောနိုင်တာကတော့ ကျွန်တော်ဈာန်ဝင်စားပါတယ်။ ကျွန်တော်တို့ဈာန်ဝင်စားပါတယ်။ ဒီဝိုင်းဟာအရင်ကမလုပ်ခဲ့တာတွေအကုန်လုံးကိုလုပ်ဖို့ကြိုးစားနေပါတယ်။ ပထမဆုံးအနေနဲ့ ကျွန်တော်တို့အရင်စတူဒီယိုမှာမဟုတ်တော့ပါဘူး။ MTM ကလွဲလို့အခြားအရင် album တွေကိုစတူဒီယိုတစ်ခုထဲမှာသွင်းခဲ့တာပါ။ ဒီ album ကတော့အဲဒီ့မှာသွင်းတာမဟုတ်ပါဘူး။ အရင် album တွေအားလုံးကို helm က producer နဲ့လုပ်တာဖြစ်ပြီး ဒီ album ကိုတော့ ကိုယ်တိုင်ထုတ်လုပ်တဲ့အပိုင်းတွေများပါတယ်။ ပုံမှန်တော့ကျွန်တော်တို့စုစုစည်းစည်းဖြစ်ပြီးတော့ စည်းကမ်းတင်းကျပ်တဲ့ ဟန်နဲ့ရေးတယ်။ ကျွန်ပျူတာထဲကိုသွင်းတယ်။ ဒီ album ဟာ အာရုံတစိုက် စူးစမ်းလေ့လာထားမှုနဲ့ လွတ်လပ်တဲ့ jamming တီးခတ်မှုတို့ရဲ့အရောအနှောပါ။ ကျွန်တော်တို့ digital သီးသန့်ကြီးလုပ်မယ့်အစား အစိပ်အပိုင်းတွေကို tape နဲ့ track တွေစီစဉ်နေပါတယ်” လို့ Mike ကပြောပါတယ်။

Ref:metalhammer.com

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *