အာဟာရဓါတ်ကြွယ်ဝတဲ့ တာရှည်ခံအသီးတွေ

bestfrozenfruitsandvegetables0_1390908875_980x457.jpg
Shares 0

          အချို့သော တာရှည်ခံအသီးတွေနဲ့ အရွက်တွေဟာ အလွန်ပဲ အဟာရဓါတ် ကြွယ်ဝလှပါတယ်။ တာရှည်ခံအသီးတွေဟာ ခူးဆွတ်ပြီးချိန်မှာ ခပ်မြန်မြန်ပဲ ရင့်မှည့်လွယ်ပါတယ်။ အဲဒီအသီးတွေဟာ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ကြွယ်ဝရုံသာမကပဲ ချက်ပြုတ်ရာမှာလည်း အချိန်ကုန်သက်သာပါတယ်။

(၁)     မက်မွန်သီး

          မက်မွန်သီးတွေကို တစ်နှစ်ပတ်လုံးရရှိနိုင်ပါတယ်။ သရေစာမုန့်အဖြစ်နဲ့လည်း စားသုံးလို့ရပြီး ဖျော်သောက်ရင်ပဲဖြစ်ဖြစ် ၊ မနက်စာအတွက်ပဲဖြစ်ဖြစ် အသုံးဝင်ပါတယ်။ မက်မွန်သီးတစ်လုံးမှာ 332mg ပိုတက်ဆီယမ် ပါဝင်တဲ့အတွက် သင့်ခန္ဓာကိုယ်ရဲ့ သွေးဖိအားကို ထိန်းညှိပေးနိုင်ပါတယ်။ ဒါ့အပြင် အမျှင်ဓါတ် ၊ အန်တီအောက်ဆီးဒင့်နဲ့ ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ ဗီတာမင် A ၊ ဗီတာမင် C စတာတွေ ပါဝင်ပါတယ်။

(၂)     မုန်လာဥနီ

          မုန်လာဥနီတွေဟာ ဗီတာမင်အစုအဝေးကြီးတစ်ခုဖြစ်ပြီး စားသုံးလိုက်တဲ့အခါ ဗီတာမင် A နဲ့ အန်တီအောက်ဆီးဒင့်ဓါတ်တွေအဖြစ် ပြောင်းလဲပေးပါတယ်။ မုန်လာဥနီတွေက ဟင်းပန်းကန်တစ်ချပ်ကို စိုပြည်အောင် ပြုလုပ်နိုင်စွမ်းရှိသလို ပြုတ်ပြီး ပါစတာတို့ ဆော့စ်တို့နဲ့ ရောစားရင်လည်း အဓိကဟင်းလျာ အနေနဲ့ စားသုံးလို့ရပါတယ်။ ပိုတက်စီယမ် ၊ သံဓါတ်နဲ့ အမျှင်ဓါတ်ပါဝင်များတဲ့အတွက် ကျန်းမာရေးအတွက် အထူးအထောက်အကူပြုပြီး အမြင်အာရုံ ၊ အသားအရေလှပခြင်းနဲ့ ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်းတွေကို ကာကွယ်ပေးပါတယ်။ နောက်ဆုံးတစ်ခုကတော့ ပျိုမေတွေအတွက် အရွယ်မြန်မြန် ကျဆင်းခြင်းကိုလည်း ကာကွယ်ပေးပါတယ်တဲ့။

(၃)     ဘလူးဘယ်ရီသီး

          တာရှည်ခံအသီးတွေထဲ အပါအ၀င်ဖြစ်တဲ့ အဟာရဓါတ်ပြည့်ဝတဲ့ ဘလူးဘယ်ရီသီးတွေမှာလည်း ဗီတာမင်C နဲ့ အခြား အန်တီအောက်ဆီဒင့် ဓါတ်ပေါင်းများစွာ ပါဝင်ပါတယ်။ ဒါတွေက ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်းတွေ ၊ နှလုံးရောဂါ ဖြစ်ပွားမှုနှုန်းတွေနဲ့ အမြင်အာရုံပိုင်းဆိုင်ရာ ရောဂါတွေ မဖြစ်ပွားစေရန် များစွာ ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် သင့်ရဲ့မှတ်ဥာဏ်စွမ်းရည်ကိုလည်း ထူးထူးခြားခြား တိုးတက်စေနိုင် ပါသေးတယ်။ မနက်ခင်း ကွေကာအနေနဲ့ပဲဖြစ်ဖြစ် ၊ ပန်ကိတ်လေးတွေပေါ်မှာ တင်လို့ပဲဖြစ်ဖြစ် ၊ ဒိန်ချဉ်နဲ့ပဲ ရောစားစား အကုန်လုံးအတွက် အဆင်ပြေတဲ့ ဘလူးဘယ်ရီသီးလေးတွေကိုတော့ အိမ်မှာ ဆောင်ထားသင့် ပါတယ်။

(၄)     ပဲစိမ်း

          ပဲစိမ်းတွေက တကယ်တမ်းတော့ ကျန်းမာရေးအတွက် အဲဒီလောက်အသုံးမ၀င်ပါဘူး။ သူတို့တွေက အလေးချိန်ထိန်းညှိပေးရာမှာ ပိုအသုံးဝင်ပါတယ်။ အစာအိမ်ကင်ဆာ ကာကွယ်ပေးခြင်း ၊ အရွယ်ကျခြင်းကို ကာကွယ်ပေးခြင်းနဲ့ ရောဂါများ မ၀င်ရောက်နိုင်အောင် ကာကွယ်ပေးတဲ့နေရာမှာ အလွန်အသုံးဝင်ပါတယ်။ ပဲစိမ်းတစ်ခွက်မှာ ဗီတာမင် K ၄၄ရာခိုင်နှုန်း ပါဝင်ပါတယ်။ ဗီတာမင် Kက အရိုးတွင်းမှာရှိတဲ့ ကယ်ဆီယမ်ဓါတ်ကို အထောက်အပံ့ပေးပါတယ်။ ဗီတာမင် Bလည်း ပါဝင်ပြီး အရိုးနဲ့ပတ်သက်တဲ့ ရောဂါတွေကို ကာကွယ်နိုင်စွမ်းရှိပါတယ်။

          တာရှည်ခံအသီးတွေဆိုတာ အလွယ်တကူရရှိနိုင်ပြီး တစ်နှစ်ပါတ်လုံးလည်း ပေါ်နေတဲ့အသီးတွေပါ။ ဒါကြောင့် နောက်တစ်ကြိမ် သင့်ရဲ့ ရေခဲသေတ္တာကိုဖွင့်လိုက်ရင် ဒါတွေကိုတွေ့နိုင်ပြီး စားဖြစ်ဖို့ အဆင်သင့်လုပ်ထားပါ။

Ref:mensxp.com

ထက်ဆု

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *