၂၀၁၆ အိုလံပစ်ပြိုင်ပွဲမတိုင်မီ ဗြိတိန် ဘတ်စကတ်ဘော၊တင်းနစ်နဲ့ ရေကူး ကစားနည်းတို့  ရန်ပုံငွေအလျော့ခံရ

team-gb-mens-basketball-london-2012-olympic-g_2807692.jpg
Shares 0

လာမယ့် ၂၀၁၆ ခုနှစ်၊ ရီယိုအိုလံပစ်ပြိုင်ပွဲကြီးမတိုင်မီ ဗြိတိန်အားကစားဝန်ကြီးဌာနဟာ ဘတ်စကတ်ဘော အားကစားနည်း၊ရေကူးနဲ့ တင်းနစ် ကစားနည်းတို့ အတွက် ရန်ပုံငွေအလျော့ခဲ့ပါတယ်။

အခုလို ရန်ပုံငွေလျော့တဲ့အထဲမှာ ကြက်တောင် နဲ့ ရေကူး အားကစားလို လူကြိုက်များအားကစားနည်းတွေပါ ပါဝင်ခဲ့ပြီး ရန်ပုံငွေ ပေါင် ငါးသိန်း အထိ လျော့ချခံခဲ့ရတာပါ။ နောက်ထပ် အဓိကအားကစားနည်း ၃၄ မျိုးကိုတော့ လျော့ချခဲ့ခြင်းမရှိဘဲ ရန်ပုံငွေ ထပ်တိုးပေးတဲ့ကစားနည်းတွေပါ ရှိခဲ့ပါတယ်။

နိုင်ငံတော်သိန်းထီဌာနနဲ့ အစိုးရတို့ ရဲ့ ရန်ပုံငွေ ချထားပေးမှုမှာ မှီခိုနေရတဲ့ ဗြိတိန်အားကစားဝန်ကြီးဌာန က  ဒီကြေငြာချက်ကို ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာတုန်းက အဓိကအားကစားနည်းအစီအစဉ်တွေကို ၁၁ ရာခိုင်နှုန်း ရန်ပုံငွေတိုးပေးမယ်လို့  ဆိုခဲ့ပေမယ့် ဘတ်စကတ်ဘော၊တင်းနစ်နဲ့ ရေကူးကစားနည်းတို့ ဟာ ရန်ပုံငွေလျော့ချခြင်းခံခဲ့ရပါတယ်။ ၂၀၁၂ ခုနှစ်မှာ လန်ဒန်ဟာ အားကစားဌာနတွေအတွက် ပေါင် ၂၆၄ သန်း သုံးစွဲခဲ့ပြီး ရီယို ၂၀၁၆ အိုလံပစ်အတွက် ပေါင် ၃၄၇ သန်း သုံးစွဲမယ်လို့ ဒီဇင်ဘာကြေငြာချက်မှာ ဖော်ပြခဲ့တာပါ။ ဒါပေမယ့်လည်း တစ်ချို့ အားကစား နည်းတွေဟာ လာမယ့် ပွဲမှာ ဆုတံဆိပ်ရဖို့ အခွင့်အရေးနည်းနေတဲ့အတွက် အခုလို ရန်ပုံငွေလျော့ချခဲ့ခြင်း ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အားကစားဝန်ကြီး ဟယ်လင်ဂရန့် က “ လန်ဒန်အိုလံပစ်မှာတုန်းက ကျွန်တော်တို့ ရရှိခဲ့တဲ့ ဆုတံဆိပ်အရေအတွက်ထက် ရီယို မှာ ပိုများများရဖို့ ဆိုတဲ့ ရည်မှန်းချက်က လွယ်လွယ်ကူကူနဲ့ တော့ ဖြစ်လာမှာမဟုတ်ပါဘူး။ ဗြိတိန်အားကစားအဖွဲ့ ရဲ့ နည်းစနစ်တွေဟာ ပြီးခဲ့တဲ့ ဘေဂျင်းနဲ့ လန်ဒန် ပြိုင်ပွဲတွေမှာ အံ့အားသင့်ဖွယ်ရာ ရလဒ်တွေ ပေးစွမ်းခဲ့ပြီးပါပြီ။ ရီယို ၂၀၁၆ မှာဖြစ်ဖြစ် တိုကျို ၂၀၂၀ မှာဖြစ်ဖြစ် ဆုတံဆိပ် တွေရယူဖို့  ကျွန်တော်တို့  ရဲ့ လက်ရွေးစင် အားကစား ၃၆ မျိုးဟာ အကောင်းဆုံးလမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒါပေမယ့်လည်း ဗြိတိန်နိုင်ငံ ဘတ်စကတ်ဘောအဖွဲ့ ချုပ် နဲ့ ဘတ်စကတ်ဘော ပရိတ်သတ်တွေကတော့ အခုလို ရန်ပုံငွေလျော့ချတဲ့ ကိစ္စကို ကဲ့ရဲ့ရှုတ်ချလျက်ရှိတယ်လို့ သိရပါတယ်။

Ref: bbc.co.uk

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *