ပြန်လည်ပြုပြင်ရေး ဋ္ဌာနမှာ ဒေါသထိန်းချုပ်ရေး သွားလုပ်ဖို့ အမိန့်ချခံရတဲ့ Chris Brown

chrisbrownpaphotosl220310.jpg
Shares 0

 

ပြန်လည်ပြုပြင်ရေးဋ္ဌာနမှာ ဒေါသထိန်းချုပ်ရေးကို ရက် ၉၀တိတိ သွားလုပ်ဖို့ Chris Brown ကို တရားရုံးက မနေ့က ၃ရက်နေ့မှာ အမိန့်ချမှတ်လိုက်ပါတယ်။  

“Fine China” သီချင်းအဆိုတော် Chirs Brown ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက ၀ါရှင်တန်ဒီစီမှာ တရားစွဲခံခဲ့ရတဲ့ အကြမ်းဖက်မှုအတွက် လော့စ်အန်ဂျလိစ် အထက်တရားရုံးမှာ အမိန့်ချခံခဲ့ရတာပါ။

တရားလိုတွေကတော့ “အကြမ်းဖက်မှုကို ဆိုးဆိုးရွားရွား အကြိမ်ကြိမ် ကျူးလွန်သူမို့ လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ရှိသူ” လို့ဆိုကာ Chris Brownကို ထောင်ဒဏ်ချမှတ်ဖို့ တရားသူကြီးထံ တောင်းဆိုခဲ့ပါတယ်။

တရားစွဲဆိုခံထားရတဲ့အတိုင်း Chris Brownဟာ ကျူးလွန်ခဲ့တာကြောင့် ထောင်ဒဏ်ချမယ်ဆိုရင်တောင် ကျခံသွားရဖို့ ရှိတယ်လို့ ပြည်နယ်ရှေ့နေချုပ်က ပြောပါတယ်။

ဒါပေမဲ့ Chris Brownရဲ့ အပြုအမူတွေ တိုးတက်လာဖို့ဆိုရင် ထောင်ဒဏ်ချဖို့ထက် ပြန်လည်ပြုပြင်ရေး ဋ္ဌာနကိုပဲ ပို့ရမယ်ဆိုပြီး တရားသူကြီး James Brandlin က အမိန့်ချမှတ်ခဲ့ပါတယ်။

အသက် ၂၄နှစ်ရှိပြီဖြစ်တဲ့ Chris Brown ဟာ ၂၀၀၉ခုနှစ်တုန်းက ရည်စားဖြစ်သူ Rihanna နဲ့လည်း အကြမ်းဖက်မှု ဖြစ်ပွားခဲ့ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလကမှ အမှု ရုပ်သိမ်းသွားတယ်လို့ သိရပါတယ်။

Ref:starpulse.com

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *