သူ့အတွက် အကောင်းဆုံး လက်ဆောင်ကို ဘယ်လိုရွေးချယ်မလဲ?

gifttoboyfriend.jpg
Shares 0

          ကိုယ်သံယောဇဉ်ရှိရတဲ့ တစ်စုံတစ်ယောက်ကို လက်ဆောင်တစ်ခု ၀ယ်ပေးလိုက်တဲ့အခါ သူ့မျက်နှာမှာ ဖြစ်ပေါ်သွားတဲ့ အပြုံးလေးတွေ ၊ လက်ဆောင်ထုတ်ကို ဖွင့်လိုက်တဲ့အခါ သူ့မျက်လုံးက ဖြာထွက်သွားတဲ့ အလင်တန်းလေးတွေ ဒါတွေကို ကြည့်ရတာ ဘာနဲ့မှမလဲနိုင်တဲ့ ပီတိတစ်မျိုးပါပဲ။

          ဒါပေမယ့်လည်း တစ်ခါတစ်လေတော့ လက်ဆောင်ရယ်လို့စဉ်းစားလိုက်ရင် ဘာသဲလွန်စမှ ထွက်မလာတတ်တာကြောင့် ဘာပေးရမှန်းကို မသိနိုင်တော့တဲ့ အချိန်တွေလည်း ကြုံဖူးကြမှာပါ။ သာမန် အချိန်တွေမှာ သူ့ကို အလွန်နားလည်ပေးနိုင်လောက်တဲ့ အရင်းနှီးဆုံးသူအဖြစ် ရှိနေခဲ့ပြီးမှ လက်ဆောင်လေးတစ်ခု အတွက်ကြောင့်နဲ့တော့ သူ့ကိုစိတ်မပျက်သွားပါစေနဲ့။ ဒါကြောင့် လက်ဆောင်ဝယ်တော့မယ်ဆိုရင် အရင်ဆုံး ဒီအချက်လေးတွေကို စဉ်းစားကြည့်ပါ။

(၁)     သူ့ရဲ့ အရိပ်အမြွက်လေးတွေကို အာရုံထားပေးပါ။

          သူ့ရဲ့ အပြုအမူ ၊ စကားအသွားအလာလေးတွေကို အာရုံထားကြည့်ရုံနဲ့ သူဘာကြိုက်တတ်တယ် ၊ ဘာတွေ နှစ်သက်တယ်ဆိုတာ အလွယ်တကူ သိနိုင်ပါတယ်။ ဒါဟာ တကယ်တော့ သင့်ရဲ့ အာရုံစူးစိုက်မှု အပေါ်မှာ မူတည်ပါတယ်။ သင့်အနေနဲ့ ၀တ်ကျေတန်းကျေ သဘောမျိုး သူ့ကို ပေးမယ်ဆိုရင်တော့ ဒီအချက် မလိုဘူးပေါ့။ သူ့ကို တကယ်ဂရုစိုက်တတ်သူဆိုရင် သူ့အတွက် တကယ်နှစ်သက်ဖွယ်ကောင်းတဲ့ လက်ဆောင်မျိုးရွေးချယ်နိုင်မှာပါ။

(၂)     အသုံးဝင်တာ ဖြစ်ပါစေ။

အပေါ်က ပြောခဲ့သလို ဘာကြိုက်တတ်သလဲဆိုတာတော့ သိထားပြီပေါ့။ ဒါပေမယ့် ဘာသုံးတတ်သလဲ သိဖို့လည်း လိုပါသေးတယ်။ သူနဲ့အဆင်မပြေတာမျိုးဆို ဒါဟာ အလဟဿ ချောင်ထိုးထားရပြီပေါ့။ ဥပမာ- အလှကုန်ကြိုက်တတ်သူဆိုရင်လည်း ဘာတံဆိပ်သုံးတတ်သလဲ ။ ဒါမှမဟုတ် အားလုံးပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ ကုန်ပစ္စည်းအသစ်တစ်ခုကို စမ်းသုံးခိုင်းကြည့်မလား စသဖြင့် စဉ်းစားရပါဦးမယ်။ သူဝယ်နေကျ ဆိုင်တစ်ဆိုင်မှာ ဘာတွေများ ၀ယ်တတ်လဲ သွားစုံစမ်းတာကလည်း အလုပ်ဖြစ်တယ်နော်။ သူတို့က သူ/သူမ ၀ယ်နေကျ ကုန်ပစ္စည်းတစ်ခုကို ညွှန်ပြပေးနိုင်ပါတယ်။ ကောင်လေးက အားကစား သမားတစ်ဦးဖြစ်တယ်ဆိုရင် သူတကယ်နှစ်သက် အားပေးတဲ့ အသင်းတစ်သင်းရဲ့ jersey (ဂျာစီ) တစ်ထည် ၀ယ်ပေးတာမျိုးကလည်း အိုင်ဒီယာကောင်းပါပဲ။

(၃)     တီထွင်ဖန်တီးနိုင်စွမ်းရှိပါ ။

          ဆိုခဲ့သလို ပြီးပြည့်စုံတဲ့ လက်ဆောင်တစ်ခုဆိုတာ ဈေးကြီးကောင်း ကြီးသွားနိုင်ပါတယ်။ တကယ်လို့သင်ဟာ ဒီလောက်အထိ ငွေကြေးမစိုက်ထုတ်နိုင်ဘူး။ ငွေရှင်း ကောင်တာအရောက်မှာ ချွေးပြန်တတ်တဲ့သူမျိုးဆိုရင်တော့ ငွေကြေးကိစ္စကိုလည်း စဉ်းစားရပါဦးမယ်။ ဒီအခါ အကောင်းဆုံး နည်းလမ်းကတော့ သင်ကိုယ်တိုင် အပင်ပန်းခံ ပြုလုပ်ထားတဲ့ ကိတ်မုန့်တစ်လုံး ၊ ဒါမှမဟုတ် ရေးစပ်ထားတဲ့ ကဗျာတစ်ပုဒ် စတာတွေကလည်း သူ/သူမအတွက် ပြီးပြည့်စုံတဲ့ လက်ဆောင်ဖြစ်နိုင်ပါတယ်။ သီချင်းရေးတတ်သူ တစ်ဦးဆိုလည်း သင်ရေးစပ်ထားတဲ့ သီချင်းလေးနဲ့ ဂီတာလေးတီးပြီး ဆိုပြလိုက်ပါ။ ဒါဟာလည်း သင့်ရဲ့ ကြိုးစားအားထုတ်မှု အများအပြား ပါဝင်ထားတာဖြစ်လို့ သူ့တို့အတွက် နှစ်သက်စရာတစ်ခု ကျိန်းသေဖြစ်မှာပါ။

          ဒီအချက်လေးတွေအပေါ် အခြေခံလိုက်ရင် ပြီးပြည့်စုံတဲ့ လက်ဆောင်တစ်ခု ရရှိနိုင်မှာပါ။ နောက်တစ်ခု ရှိသေးတာက လူတွေအားလုံးက အံ့သြမှုကို ကြိုက်နှစ်သက်တယ်ဆိုတာပါပဲ။ ဒါကြောင့် သူအံ့သြသွားစေမယ့် အထူးစပါယ်ရှယ် ညစာစားပွဲမျိုး စီစဉ်ပေးထားတာ ၊ သူ့တို့နှစ်သက်ရသူတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ပေးထားတာ တွေကလည်း တန်ဖိုးရှိတဲ့ လက်ဆောင်တစ်မျိုးပါပဲ။

Ref:betterbythemin.com

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *