ဗလင်စီယာကို အိမ်ကွင်းမှာရှုံးနိမ့်ခဲ့တဲ့ ဘာစီလိုနာ၊ဇယားထိပ်ဆုံးနေရာ တက်ရောက်ခဲ့တဲ့ အက်သလက်တီကို နဲ့ ဘီဘာလ်အို ကို သရေကျခဲ့တဲ့ ရီးယဲလ်

_72696876_72696875.jpg
Shares 0

လာလီဂါပွဲစဉ် ၂၂ ကို စနေ၊တနင်္ဂနွေ နေ့ တွေက ယှဉ်ပြိုင်ကစားခဲ့ရာမှာ ဘာစီလိုနာ အသင်းဟာ ဗလင်စီယာ ကို နူးကမ့်မှာ ၂ – ၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ ပွဲချိန် ၇ မိနစ်မှာပဲ ဆန်းချက်ဇ်က ဘာစီလိုနာအတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့ပေမယ့် ၄၄ မိနစ်မှာ ပါရီဂျိုက ဗလင်စီယာအတွက် ချေပဂိုးပြန်သွင်းယူပေးခဲ့ပါတယ်။ ၄၈ မိနစ်မှာ ပီယက်တီ က ဗလင်စီယာအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး  ၅၈ မိနစ်မှာ မက်ဆီက ပယ်နယ်တီက တဆင့် ဘာစီလိုနာအတွက် ချေပဂိုးပြန်သွင်းယူပေးခဲ့လို့ ၂ -၂ ဂိုး ဖြစ်နေခဲ့ပါတယ်။ ဗလင်စီယာအတွက် အနိုင်ဂိုး ကိုတော့ ဂါစီယာက ၅၉ မိနစ်မှာ သွင်းယူခဲ့ပြီး အဝေးကွင်းမှာ ဘာစီလိုနာကို အနိုင်ယူနိုင်ခဲ့တာပါ။ ၇၇ မိနစ်မှာ ဘာစီလိုနာ နောက်ခံလူ အယ်လ်ဘာ ၂ ၀ါ ၁ နီနဲ့ အထုတ်ခံလိုက်ရပြီး ဇယားထိပ်ဆုံးက ဦးဆောင်နေတဲ့ ဘာစီလိုနာအသင်းကို ရှုံးပွဲတွေ့ ကြုံစေခဲ့ပါတယ်။

တစ်ဖက်ပွဲစဉ်မှာ အက်သလက်တီကိုအသင်းက ရီးယဲလ်ဆိုစီဒက်အသင်းကို အိမ်ကွင်းမှာ ၄ ဂိုး ၊ ဂိုးမရှိ နဲ့  ဂိုးပြတ်အနိုင်ယူပြီး လာလီဂါအမှတ်ပေးဇယားမှာ ဘာစီလိုနာကို သုံးမှတ် ဖြတ်ပြီး ထိပ်ဆုံးက ဦးဆောင်သွားနိုင်ခဲ့ပါပြီ။

ဘာစီလိုနာအသင်း ရှုံးနိမ့်မှုကို အခွင့်ကောင်းယူဖို့ ရီးယဲလ်တို့ အစွမ်းကုန်ကြိုးစားခဲ့ကြပေမယ့် ဘီဘာလ်အို အိမ်ကွင်းမှာ ၁ -၁ ဂိုး ရလဒ်နဲ့ ပဲ ကျေနပ်ခဲ့ရပါတယ်။ ပထမပိုင်းမှာ နှစ်သင်းလုံး ဂိုးမသွင်းနိုင်ခဲ့ဘဲ ပြီးဆုံး ခဲ့ပါတယ်။ ဒုတိယပိုင်းပြန်စချိန်မှာ ရီးယဲလ်မက်ဒရစ်တို့ အကောင်းဆုံး တိုက်စစ်ဆင်ကစားနိုင်ခဲ့ပြီး ပွဲချိန် ၆၄ မိနစ်မှာ ခရစ္စတီယာနို ရော်နယ်ဒို ပေးပို့ တဲ့ ဘောလုံးကို တိုက်စစ်မှူး Jese Rodrigues Ruiz က ဦးဆောင်ဂိုး သွင်းယူခဲ့ပေမယ့် ဘီဘာလ်အို တိုက်စစ်မှူး ဂိုမက်ဇ် က ချေပဂိုး သွင်းယူခဲ့လို့ ၁ – ၁ ဂိုးနဲ့ တစ်မှတ်စီ ခွဲယူခဲ့ရတာပါ။ ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒို ဟာ တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရလို့ လည်း ရီးယဲလ် တို့  တိုက်စစ်အားကျဆင်းသွားခဲ့ပြီး အနိုင်သုံးမှတ်မယူနိုင်ခဲ့ပါဘူး။

လက်ရှိ အမှတ်ပေးဇယားမှာ အက်သလက်တီကို မက်ဒရစ်အသင်းက ရမှတ် ၅၇ မှတ်နဲ့ ဦးဆောင်နေပြီး ဘာစီလိုနာ နဲ့ ရီးယဲလ်အသင်းတို့ က ၅၄ မှတ်စီနဲ့ နောက်မှာ ရပ်တည်လျက်ရှိပါတယ်။

Ref: bbc.co.uk

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *