တကယ်စီးနိုင်တဲ့ ကမ္ဘာ့အကြီးဆုံးစက်ဘီးကို တီထွင်လိုက်တဲ့ နယ်သာလန်နိုင်ငံသား

wouter_van_den_bosch_-_main.jpg
Shares 0

နယ်သာလန် နိုင်ငံသား အသက် ၂၄ နှစ်အရွယ် ၊ တီထွင်မှုအတတ်ကို ၀ါသနာပါတဲ့ အင်ဂျင်နီယာကျောင်းသား ဘို့ ခ်ျ ဟာ ကမ္ဘာ့အကြီးဆုံးစက်ဘီးကို တီထွင်ခဲ့ပြီး ဂင်းနစ်စ်မှတ်တမ်း သွင်းခံခဲ့ရပါတယ်။

ပေါင်ချိန် ၁၆၅၀ ရှိပြီး ၊ “Monsterbike” လို့ အမည်ပေးထားတဲ့ စက်ဘီးကို သူကိုယ်တိုင် ဇာတိမြို့ Arnhem မှာ စီးနင်းပြခဲ့ပါတယ်။ ဒေါ်လာ သုံးသောင်းကျော် အကုန်ကျခံတည်ဆောက်ထားတဲ့ ဒီစက်ဘီးကို ဘို့ ခ်ျဟာ မြို့ ထဲ မှာ အမြဲလိုလို စီးနင်းလေ့ရှိတယ်လို့ သိရပါတယ်။

အထူးပြုလုပ်ထားတဲ့ ချိန်းကြိုးတွေအသုံးပြုထားတဲ့အတွက် လူတစ်ယောက်အင်အားနဲ့ အသာအယာ စီးနင်း နိုင်တယ်လို့ သိရပါတယ်။

Ref: nvestopedia.com

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *