Chill Session ရဲ့ “၀ိသေသ”အခွေသစ် ပရိုမိုးရှင်းပွဲ

dsc01981.jpg
Shares 0

Hip Hop ကြိုက်နှစ်သက်သူတွေထဲမှာမှ Battle  ပုံစံမျိုးတွေကြိုက်တဲ့ ပရိသတ်တွေထက်စာရင်  Hip Hop သီချင်းငြိမ့်ငြိမ့်လေးတွေ နားထောင်ချင်သူတွေအတွက် (J-me ၊ ချစ်စိုး၊ ဘိုလေးနဲ့ ချမ်းအေးဝင်း”တို့ လေးယောက်ပါဝင်တဲ့ Chill Session  အဖွဲ့ရဲ့အယ်လ်ဘမ် ထွက်ရှိလာပါပြီ။ ၂၀၁၃ခုနှစ်၊ အောက်တိုဘာလ (၁၂)ရက်နေ့က တော်ဝင်စင်တာ ပရိုမိုးရှင်းဧရိယာမှာ “၀ိသေသ” အယ်လ်ဘမ်ပရိုမိုးရှင်းပွဲလေးကျင်းပခဲ့ပြီး  Trigger Trigger၊၊ X-Box၊ ASH၊ ရဲနောင်၊ Cyclone နဲ့ ရန်ရန်ချန်းတို့အပြင် Chill session   အဖွဲ့သားတွေကလည်း အယ်လ်ဘမ်ထဲက သီချင်းသစ် လေးတွေနဲ့ သီဆိုပေးသွားပါသေးတယ်။

Hip Hop မြူးဇစ်နဲ့ ပတ်သက်ပြီး ဆရာကျပြီးသားဖြစ်တဲ့ J-me ၊ ချစ်စိုး၊ ဘိုလေး နဲ့ ချမ်းအေးဝင်းတို့ရဲ့ flow ၊ တီးလုံး၊ အမိုက်စား စာသားတွေကြောင့် ထူးခြားတဲ့ရသတစ်မျိုးကို ခံစားရမှာပါ။ သီချင်းအပုဒ်ရေ ၁၂ပုဒ်ပါဝင်တဲ့ ဒီအယ်လ်ဘမ်ထဲက ပရိသတ်ငြိနိုင်မယ့်သီချင်းတွေကတော့ လေးဖြူရဲ့ “အိပ်မက်ရထား” သီချင်းကို sampling ပြုလုပ်ထားတဲ့ “အိပ်မက်များ ”ဆိုတဲ့ သီချင်း၊ Mary Jane ၊ လွတ်နေတယ် စတဲ့သီချင်းလေးတွေဖြစ်ပေမယ့် တစ်ခွေလုံးမှာပါတဲ့သီချင်းတွေက ပရိသတ် တစ်ဖြည်းဖြည်းငြိစေမယ့် သီချင်းတွေမို့ နားထောင်ကြည့်စေပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *