Justin Bieberရဲ့ လေယာဉ်ကို ရှာဖွေစစ်ဆေးရာ မူးယစ်ဆေးဝါး မရှိ

article-1322372-0bb2d2f5000005dc-490_468x286.jpg
Shares 0

 

ပေါ့ပ်စတား Justin Bieber နဲ့ အဆက်အစပ်ရှိတဲ့ သီးသန့်လေယာဉ်တစ်စင်းဟာ  New Jersey, Teterboro လေဆိပ်မှာ သောကြာနေ့က ထိန်းသိမ်း စစ်ဆေးခံခဲ့ရပါတယ်။ ဒါပေမဲ့ တရားမ၀င်ပစ္စည်း ဘာမျှရှာမတွေ့ခဲ့ပါဘူးလို့ အဲ့ဒီ့ဖြစ်ရပ်ကိုသိတဲ့ အမည်မဖော်လိုသူ ဥပဒေအရာရှိတွေက NBC (အမေရိကန် အမျိုးသား သတင်းရုပ်သံလိုင်း)ကို အတည်ပြုပေးခဲ့ပါတယ်။

Toronto ကနေ Teterboro ကိုရောက်လာခဲ့တဲ့ အဲ့ဒီ့လေယာဉ်ပေါ်မှာ Justin Bieber ရှိနေခဲ့ပါတယ်။ လေယာဉ်ဟာ ကနေဒါကနေတဆင့် ၀င်လာခဲ့တာမို့လို့ ဆေးခြောက်ပါရှိနိုင်တယ်ဆိုတဲ့ မသင်္ကာမှုနဲ့ ရှာခဲ့တာဖြစ်ကြောင်း တာဝန်ရှိသူတွေက NBC ကိုပြောခဲ့ပါတယ်။

လေယာဉ် ရှင်းပြီဆိုတဲ့နောက်မှာ Justin Bieberကို အမေရိကထဲပေးဝင်ခဲ့ပြီး သွားလိုရာ ဆက်သွားစေခဲ့တယ်လို့ ဥပဒေအရာရှိတွေက ပြောပါတယ်။

NBC ရဲ့မေးခွန်းတွေပေါ်မှာ Justin Bieberရဲ့ တာဝန်ရှိသူတွေက ဘာမှတ်ချက်မျှ ပြန်မပေးခဲ့ပါဘူး။

Ref: nbcnews.com

 

 

 

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *