အမေရိကန်သံရုံးနားက ဈေးကြီး၊ ဒီဇိုင်းလှ အိမ်တစ်လုံး

prettyhouse3.jpg
Shares 0

ရန်ကုန်မြို့  အမေရိကန်သံရုံးနဲ့နီးပြီး သံလွင်လမ်းထဲမှာ ရှိတဲ့ အိမ်တစ်လုံး ဖြစ်ပါတယ်။ မြေဧရိယာ ၃၆၀၀ စတုရန်း ပေပေါ်မှာ ၂၉၀၀ စတုရန်းပေ အကျယ်နေရာ ယူထားတဲ့ အိမ်တစ်လုံး ဖြစ်ပြီး အာစီ ၃ ထပ်တိုက် အမျိုးအစား ဖြစ်ပါတယ်။

သို့ပေမယ့် လက်ရှိ ရန်ကုန်မှာ မြင်နေကျ အိမ်များနဲ့ မတူတာက သူ့ရဲ့  တည်ဆောက်မှု ဒီဇိုင်းပုံစံ ဖြစ်ပါတယ်။ ရှေ့  ပေ ၄၀၊ ဘေး ၈၀၃ ပေ အကျယ် Master Bed room ၃ ခန်းပါရှိပြီး Single Room ၂ ခန်း ပါရှိ ပါသေးတယ်။ ပြီးတော့ နောက်ထပ် အိပ်ခန်း ၂ ခန်းပါပါတယ်။ မီးဖိုခန်း၊ လေအေးပေးစနစ်၊ ရေပူစနစ်၊ တယ်လီဖုန်း၊ မီးစက်၊ အမှိုက်စွန့်ပစ်မှု စနစ် အစရှိသဖြင့်တို့ ပါရှိ ပါသေးတယ်။ ခြံဝင်းထဲမှာ ကား ၂ စီး လွတ်လွတ်လပ်လပ် ထည့်သွင်းထားလို့ ရပါတယ်။

ခြံဝင်းဖွဲ့စည်းဖို့၊ အိမ်အတွင်းဝင်ရန် ခြံဝိုင်းထဲကား လှေကား တည်ဆောက်မှု အဆင့်ဆင့်များက ဒီဇိုင်းထူးခြား လှပ ပါတယ်။ နိုင်ငံတကာက အဆင့်မြင့် လှပ အိမ်ဒီဇိုင်းများနဲ့ ယှဉ်လို့ရပါတယ်။ http://www.house.com.mm/than-lwin-road-windermere-5468-20.html  မှာ တွေ့လိုက်တဲ့ အိမ်တစ်လုံး ဖြစ်ပါတယ်။ အလားတူ  အိမ်များကို http://www.house.com.mm/yangon/yangon-city/house/for-sale/ မှာ ရှာဖွေ တွေ့ရှိ နိုင်ပါသေးတယ်။ လက်ရှိ ပုံမှာ မြင်တွေ့နေရတဲ့ အိမ်က ဈေးလည်း မနည်း ပါဘူး။ ကာလတန်ဖိုးအားဖြင့် မြန်မာကျပ်ငွေ သိန်း ၁၄၀၀၀ ( တစ်သောင်း လေးထောင်) သတ်မှတ်ထားတာကြောင့် ရန်ကုန်မြို့ က ဈေးကြီး အိမ်များ စာရင်းထဲ ထည့်သွင်း သတ်မှတ် နိုင်တဲ့ အိမ်တစ်လုံး ဖြစ်ပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *