သူ့ အတွက်ဘီယာမ၀ယ်လာလို့ ဒေါသထွက်ပြီး ယောကျာင်္းကို ရှဉ့် ရုပ်နဲ့ ရိုက်နှက်၊ထိုးစိုက်လိုက်တဲ့ မိန်းမ

24328249_sa.jpg
Shares 0

အသက် ၄၄ နှစ်အရွယ် ဟယ်လင်အန်းဝီလီယမ်ဟာ သူ့ အတွက် ဘီယာပါမလာတဲ့ ယောင်္ကျားကို ကြွေထည်ရှဉ့် ရုပ်နဲ့  ဒေါသတကြီး ရိုက်နှက်ခဲ့ပါတယ်။ ယောင်္ကျားဖြစ်သူဟာ အပြင်ထွက်ဘီယာသွားဝယ်ပေးခဲ့ပေမယ့် ခရစ်စမတ်အကြိုနေ့ ဖြစ်တဲ့အတွက် ဘယ်ဆိုင်မှာမှ ၀ယ်မရခဲ့ပါဘူး။ အိမ်ကို လက်ဗလာနဲ့ ပြန်လာခဲ့တဲ့ ယောင်္ကျားဖြစ်သူဟာ ညစာအတွက် အသားညှပ်ပေါင်မုန့် လုပ်နေတုန်း၊ ဟယ်လင်က ရှဉ့် ရုပ်နဲ့ သူ့ ယောင်္ကျား ခေါင်းကို ထုရိုက်ခဲ့ပြီး ရင်ဘတ်ကို ထိုးစိုက်ပစ်လိုက်ပါတယ်။

ယောင်္ကျားဖြစ်သူဟာ ဘီယာမသောက်ရလို့ ဒေါသထွက်နေတဲ့ မိန်းမလက်ထဲက ထွက်ပြေးခဲ့ရပြီး ၉၁၁ ကို ဖုန်းဆက်ကာ ရဲကို အကူအညီတောင်းခဲ့ရပါတယ်။ ဒေသခံရဲအရာရှိ ပြောစကားအရ သူတို့ ရောက်သွားတဲ့ အချိန်မှာ ယောင်္ကျားဖြစ်သူရဲ့ တစ်ကိုယ်လုံးမှာ သွေးတွေစွန်းပေနေတယ်လို့ ဆိုပါတယ်။

ဟယ်လင်ရဲ့ ယောင်္ကျားဖြစ်သူဟာ ဒဏ်ရာအကြီးအကျယ်မရခဲ့ပေမယ့် သူမကို ဖမ်းဆီးခဲ့ပြီး အိမ်တွင်းရေးအကြမ်းဖက်မှု နဲ့ ထောင်ဒဏ် ချမှတ်ထားပါတယ်။

ဟယ်လင်ရဲ့ ထွက်ဆိုချက်အရတော့ သူမရဲ့ ယောင်္ကျားဟာ သူ့ ကိုယ်သူ ဒဏ်ရာရအောင်ပြုလုပ်ခဲ့တာပါတယ် တဲ့။ ဒါပေမယ့်လည်း အဲဒီ့အချိန်မှာ ဟယ်လင်ရဲ့ လက်နဲ့ အင်္ကျီမှာ သွေးတွေ စွန်းပေနေရတဲ့ အကြောင်းပြချက် ကိုတော့ သူမ မပေးနိုင်ခဲ့ပါဘူး။

Ref: independent.co.uk 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *