Android နှင့် 4G စနစ်တို့ ကို Samsung မှ ကင်မရာတွင်ပါ ထည့်သွင်းလာပြီ။

camera.jpg
Shares 0

Samsung မှ Galaxy NX ကင်မရာ ကိုဈေးကွက်ထဲသို့ ဖြန့် ချိတော့မည်ဟု ကြေညာလိုက်ပါပြီ။ Galaxy Nx သည် ပထမဆုံး lens (မှန်ဘီလူး) ပြောင်းတပ်လုပ်လို့ ရပြီး 4G နှင့်ချိတ်ဆက်အသုံးပြုနိုင်ပြီး Android system ပါထည့်သွင်းထားတဲ့ ကင်မရာတစ်ခုပါပဲ။ 20.3-megapixel APS-C sensor (Advance Hybrid Focus System and the DRIMe IV Image Singal processor) ကို အသုံးပြုထားပြီး၊ Burst rate က 8.6 fps ရှိပါတယ်။

ဒီကင်မရာရဲ့  အဓိက features ကတော့ 3G နှင့် 4G ချိတ်ဆက်လို့ ရပြီးတော့ Android 4.2(Jelly Bean) system ပါရှိနေလို့  NX ကင်မရာက smartphone တွေမှာပါရှိတဲ့ function တွေကိုပါလုပ်ဆောင်နိုင်ပြီးတော့ ဓာတ်ပုံရိုက်ကူးရေး အတွေ့ အကြုံတွေကိုလဲ တိုးပွားစေမှာပါ။ 

Samsung Galaxy NX ကို ဇူလိုင်လမှာ စတင်ဖြန့် ချိတော့မှာဖြစ်ပြီး ဈေးနှုန်းကိုတော့ အတိအကျ မသတ်မှတ်ရသေးပါဘူး။

http://www.shariblog.com/2013/06/samsung-adds-android-to-nx-range/မှဘာသာပြန်တင်ဆက်ထားပါသည်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *