အပြာရင့်ရောင် Smoky Eye ခြယ်သတော့မယ်ဆိုရင်

cosmo-infographic-blueeye.jpg
Shares 0

Smoky Eye ခြယ်သရာမှာ အတွေ့ရနည်းတဲ့ အပြာရင့်ရောင် Smoky Eye ခြယ်သတော့မယ်ဆိုရင် ဘယ်လိုအဆင့်တွေ လိုအပ်တယ်ဆိုတာ ဖော်ပြပေးချင်ပါတယ်။ ပွဲတက်အတွက်ပဲဖြစ်ဖြစ်၊ ဒင်နာ၊ ပါတီ၊ ရှိုးပွဲသွားဖို့အတွက်လည်း သင့်တော်တဲ့ ခြယ်သနည်းဖြစ်လို့ အားလုံးနှစ်ခြိုက်ကြမှာပါနော်။

၁။ ပထမဆုံးအဆင့်အနေနဲ့ မျက်ခွံမှာ အရောင်ထင်မယ့်၊ စွဲကျန်စေဖို့ အိုင်းရှဲဒိုး ပိုးရှင်းလေး အရင်လိမ်းပေးထားပါ။

၂။ ဒုတိယအဆင့်မှာတော့ ကိုယ်တင်မယ့် အပြာရောင်ကို ထွက်အောင် ပိုမိုထောက်ပံ့ပေးနိုင်တဲ့ အိုင်းလိုင်နာ အဖြူကို ပုံမှာပြထားတဲ့အတိုင်း ဆွဲပေးပါ။

၃။အဲ့ဒီနောက်မှာတော့ အိုင်းရှဲဒိုးဘရက်ရှ်ကို သုံးပြီး တောက်တဲ့ဘက်ရောက်တဲ့ အပြာရောင်ကို မျက်ခွံအပေါ်ထိ ရောက်အောင် အရင်ဆုံးခြယ်လိုက်ပါ။

၎။အပြာရောင်တောက်တောက်ကို ခြယ်ပြီးပြီဆိုရင်တော့ နောက်တစ်ဆင့်အနေနဲ့ ပုံမှာပြထားတဲ့အတိုင်း နည်းနည်းဖွာဘရက်ရှ် (fluffy blending blush) ကိုသုံးပြီး အပြာရင့်ရောင်ကို စခြယ်ပါ။

၅။နောက်ဆုံးအဆင့်အနေနဲ့ ကြည့်ရတာလည်း သပ်ရပ်ပြီးလှပနေအောင် အပြာရင့်ရောင် အိုင်းလိုင်နာနဲ့ အနားသတ်ပေးလိုက်ပါ။ ဒါဆို ချစ်စရာကောင်းတဲ့အပြင် အများနဲ့မတူတဲ့ smoky eye ခြယ်သမှုလေး ပြီးဆုံးပြီပေါ့။

 

Ref:cosmopolitan.com

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *