ဝှိုက်ဟတ်လိန်းမှာ စပါးကို ဂိုးပြတ်ချေမှုန်းလိုက်တဲ့ မန်စီးတီးအသင်း အမှတ်ပေးဇယားထိပ်ဆုံးနေရာကို တက်ရောက်

23312239.jpg
Shares 0

အခုရာသီမှာ ခြေစွမ်းအရမ်းကောင်းမွန်နေတဲ့ ပယ်လီဂရီနီ ရဲ့ မန်စီးတီးအသင်းဟာ မနေ့ ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် မှာ တော့တင်ဟမ်အသင်းကို ၁ – ၅ ဂိုးနဲ့  ဂိုးပြတ်အနိုင်ယူခဲ့ပြီး အာဆင်နယ်အသင်းကို ကျော်တက်ကာ အမှတ်ပေးဇယားထိပ်ဆုံးနေရာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။  

ပြီးခဲ့တဲ့ နိုဝင်ဘာကလည်း အိမ်ကွင်းမှာ ခြောက်ဂိုး ဂိုးမရှိနဲ့ တော့တင်ဟမ်ကို အနိုင်ယူခဲ့တဲ့ မန်စီးတီး ဟာ အခု စပါးအိမ်ကွင်းမှာလည်း ဂိုးပြတ်ထပ်အနိုင်ယူခဲ့တာပါ။ အဂူရိုက ပွဲချိန် ၁၅ မိနစ်မှာ အဖွင့်ဂိုးသွင်းယူခဲ့ပြီး ဒုတိယပိုင်း ၅၁ မိနစ်မှာ ယာယာတိုရေးက ပယ်နယ်တီက တဆင့် ဒုတိယဂိုး၊ ဒီဇီကို က ၅၃ မိနစ်မှာ တတိယဂိုး ၊ လူစားဝင်လာတဲ့ ဂျိုဗီတစ် က ၇၈ မိနစ်မှာ စတုတ္ထဂိုးနဲ့  နောက်ခံလူ ကွန်ပနီက ၈၉ မိနစ်မှာ ပဉ္စမမြောက် ဂိုးကို သွင်းယူခဲ့ကြပါတယ်။ စပါးအသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကိုတော့ ပွဲချိန် ၅၉ မိနစ်မှာ ကာပူးလ် က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဒီနှစ်ပရီးမီးယားလိဂ် ရာသီမှာ မန်စီးတီးဟာ မန်ချက်စတာယူနိုက်တက် အသင်းကို ၄ – ၁ ၊ အာဆင်နယ် အသင်းကို ၆-၃ ဂိုး၊ တို့ နဲ့ ဂိုးပြတ်အနိုင်ယူထားပြီး ချယ်လ်ဆီးကလွဲလို့ အသင်းကြီး အကုန်လုံးကို အနိုင်ရရှိ ထားပါတယ်။

ဒီပွဲ အနိုင်ရရှိခဲ့တဲ့အတွက် မန်စီးတီးအသင်းဟာ ဆောက်သမ်တန်နဲ့ သရေကျခဲ့တဲ့ အာဆင်နယ်အသင်းကို ကျော်ဖြတ်ပြီး ရမှတ် ၅၃ မှတ်နဲ့ ဇယားထိပ်ဆုံးမှာ ဦးဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အာဆင်နယ် အသင်း က ရမှတ် ၅၂ မှတ် ၊ ချယ်လ်ဆီးက ရမှတ် ၅၀၊ လီဗာပူးလ်အသင်းက ၄၆ မှတ်တို့ နဲ့ ဇယားထိပ်ဆုံးမှာ ရပ်တည်နေကြပါတယ်။ လက်ရှိချန်ပီယံ မန်ယူအသင်းဟာ ကာဒစ်ဖ်ကို အိမ်ကွင်းမှာ ၂-၀ နဲ့ အနိုင်ယူခဲ့တဲ့ အတွက် ရမှတ် ၄၀ နဲ့ အဆင့် ၇ မှာ ရပ်တည်လျက်ရှိပါတယ်။

Ref: bbc.co.uk

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *