ခေတ်ကာလအလိုက် စကားလုံး အလန်းစား

lol.jpg
Shares 0

ခေတ်ကာလအလိုက် စကားလုံး အလန်းစားကို ဆိုရှယ်မီဒီယာနဲ့ ဆိုရှယ်နက်ဝေါ့ခ် တွေမှာ ကျယ်ကျယ်ပြန့် ပြန့် အသုံးပြုလာကြတာကို တွေ့ နေရပါတယ်။ စကားလုံး အလန်းတွေကိုပဲ သိရုံနဲ့ ခေတ်ရေစီးကြောင်းကိုမှီနိုင်မှာ မဟုတ်ပါဘူး။စာတိုကောက်တွေ သင်္ကေသ အသုံးအနှုန်းတွေပါ သိထားနိုင်ရင်တော့ ခေတ်နောက်ကျ ကျန်ခဲ့မှာကို စိတ်မပူရတော့ဘူးပေါ့။ အသုံးများတဲ့ သင်္ကေတတွေနဲ့ စာလုံးအတိုကောက်တွေကို ဖော်ပြပေးချင်ပါတယ်။
@ = at (mention)
@ ဆိုတဲ့ သင်္ကေတကို တည်နေရာတွေကိုဖော်ပြတဲ့အခါမှာ အသုံးပြုကြသလို ဥပမာ – Freedom @ work!
၊ဖေ့စ်ဘွတ်ခ်၊ တွီတာ အစရှတဲ့ ဆိုရှယ်နက်ဝေါ့ခ် တွေမှာဆိုရင်တော့ တစ်စုံတစ်ခု၊တစ်စုံတစ်ယောက်ကို ရည်ညွှန်းတဲ့အခါမှာလည်း အသုံးပြုကြပါတယ်။
# = hashtag
ထင်ပေါ်မြင်သာတဲ့ စကားစု၊ အကြောင်းအရာ၊ အစီအစဉ် တွေသာမက စိတ်ခံစားချက် အစရှိတဲ့ ကိုယ်နှစ်သက် သဘောကျတဲ့ စကားလုံးကို အများနဲ့ အတူတူ ဝေငှအသုံးပြုတဲ့ နေရာမှာ # ဆိုတဲ့ သင်္ကေတကို အသုံးပြုကြပါတယ်။
CC = carbon copy
CC ကိုတော့ အီးမေးလ်တွေမှာ တွေ့ မြင်ရတာများပါတယ်။ ကာဗွန်မိတ္တူ လို့ ခေါ်ပါတယ်။ မိတ္တူဆိုတဲ့အတိုင်းပဲ ကိုယ် ရေးသားထားပြီး ပေးပို့ ချင်တဲ့ စာတွေကို ထပ်ခါတလဲလဲ ပြန်ရေးနေစရာ/ပြန်ပို့ နေစရာမလိုပဲ sent to ရဲ့ Cc နေရာမှာ ကိုယ်ပေးပို့ လိုသူတွေရဲ့ အီးမေးလ်လိပ်စာတွေကို ရိုက်ထည့်ရုံနဲ့  အားလုံးဆီကို တစ်ချိန်ထဲမှာပဲ ပေးပို့ နိုင်ပါတယ်။
DM = Direct Message
DM ကတော့ တိုက်ရိုက်စာပေးပို့ ခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ တခြားသူတွေ မသိစေချင်တဲ့ အရေးကြီး သတင်းအချက်အလက်နဲ့ စာ တွေကို ပေးပို့ စေချင်ရင် DM နဲ့ အတိုကောက် ရေးသားကြပါတယ်။
W/ = with
တစ်စုံတစ်ခု ဒါမှမဟုတ် တစ်ယောက်ယောက်နဲ့ အတူရှိနေတယ်လို့ ပြောချင်တဲ့အခါမှာ သုံးပါတယ်။
W/out = without
တစ်စုံတစ်ခု ဒါမှမဟုတ် တစ်ယောက်ယောက်နဲ့ မရှိဘူးလို့ ပြောချင်တဲ့အခါမှာ အသုံးပြုကြပါတယ်။
AFAIK = As far as I know
ASAP = As soon as Possible
BBL = Be Back Later
BBS = Be Back Soon
BFFL = Best Friend For Life
BFF = Best Friend Forever
BRB = Be Right Back
CX = Correction
Gr8 = Great
JK = Just Kidding
IDK = I don’t know
L8r = Later
LOL = Laugh Out Loud
NM = Never mind
NP = No Problem
OMG = Oh My God!
ROFL = Roll On The Floor Laughing
TGIF = Thanks God! It’s Friday.
ThX = Thanks
TTYL = Talk To You Later
TTYS = Talk To You Soon
WTH = What The H**
Y = Why?
YW = Your Welcome
Internet မှ စုဆောင်းရှာဖွေ၍ ရေးသားထားပါသည်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *