Samsung မှ Samsung ၏ ပထမဆုံး Developer Conference စီစဉ် ကျင်းပရန်ရှိ။

samsung.jpg
Shares 0

ယခုနှစ် အောက်တိုဘာလတွင် Samsung ၏ ပထမဆုံးသော Developer Conference ကို ဆန်ဖရန်စစ္စကိုမြို့ တွင် ကျင်းပရန်ရှိကြောင်းကို Samsung ကုမ္ပဏီမှ ကြေညာခဲ့ပါတယ်။ ပထမဆုံး Developer Conference ဖြစ်တဲ့ အတွက်ကြောင့် အောက်တိုဘာ ၂၇ရက်နေ့  မှ အောက်တိုဘာ ၂၉ရက်နေ့ အထိ၊ ၂ရက်ကြာ ကျင်းပသွားရန်ရှိကြောင်းကိုလည်း ကုမ္ပဏီကဖော်ပြခဲ့ပါတယ်။
Developer Conference တွင် ဒီဂျစ်တယ် ဧည့်ခန်းအသွင်အပြင် ထုတ်ကုန်ပစ္စည်းများ၊ ဥပမာ smart TVs, Blu-ray players မှ laptops သို့ ၊ laptops မှ smartphones နှင့် tablets သို့ ၊ smartphones နှင့်tablets မှ cameras သို့ ပြောင်းလဲချိတ်ဆက်သွားနိုင်သော ကုန်ပစ္စည်းမျိုးများ နှင့် Samsung tools and SDKs အပိုင်းတို့ ကို အဓိကထားဆွေးနွေးကျင်းပသွားမှာဖြစ်ပါတယ်။

မနှစ်ကစ၍ Samsung ၏ရောင်းအားသည် တိုးတက်လာပြီး ယနှစ်တွင်မူ Best Buy Stores များအတွင်းသို့ဝင်ရောက်လာနိုင်ကြောင်းသိရပါတယ်။ ကုမ္ပဏီသည်သူ၏ ရပ်တည်မှုအတွက် ထုတ်ကုန်များထုတ်လုပ်လျက်ရှိပါတယ်။ ထို့ပြင် Galaxy S4 တွင် 2013 Samsung Smart TV sets များနှင့်တွဲသုံးနိုင်သော feature များပါဝင်ကြောင်းလဲ သိရပါတယ်။ အလားတူ Samsung Notebook ကလည်း new ATIV Book 9 Lite ပါဝင်ကာ Galaxy S3, S4 နှင့် Galaxy Note တို့မှ data များကို phone နှင့် PC အကြားကူးပြောင်းပေးနိုင်တဲ့ SideSync feature ပါဝင်ပါတယ်။ Samsung ရဲ့ ပြောဆိုချက်အရ Japan နိုင်ငံရှိ notebook နှင့် Mobile အဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် အတွေ့အကြုံပိုမိုရရှိလာခြင်းဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၁၀နှစ်ခန့်တွင် Apple မှ ထုတ်ကုန်ပေါင်းမြောက်များစွာကို ecosystem တစ်ခုတည်းအောက်တွင် ကိုင်တွယ်သောနည်းဗျူဟာဖြင့် အောင်မြင်မှုရရှိခဲ့ပါတယ်။ ထိုကဲ့သို့ Samsung သည် Galaxy brand များကို တဆင့်ပြီး တဆင့် ထုတ်လုပ်ခဲ့ပြီး အောင်မြင်လာနေပါပြီ။
ယခုတွင် ထုတ်လုပ်သူများသည် great multi-device အတွေ့အကြုံများချပြသွားမည့် Samsung ၏ conference ကို စိတ်ဝင်စားလျက်ရှိကြောင်းသိရပါတယ်။

http://mashable.com/2013/07/22/samsung-developer-conference/ မှ ဘာသာပြန် တင်ဆက်ထားပါသည်။
Image source: Screen Shot from http://www.samsungdevcon.com/

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *