Gmail ကို ပုံစံအသစ်ဖြစ်တဲ့ Tabs ပုံစံပြောင်းလိုရင် ….

goo2.png
Shares 0

Gmail ပုံစံအသစ်ပြောင်းသွားတာကို အားလုံးပဲ သတိထားမိကြမယ် ထင်ပါတယ်။ အရင် Gmail မှာဆိုရင် ဝင်သမျှ မေးလ်တွေက Inbox မှာရှိနေတတ်ကြပါတယ်။ ပုံစံအသစ်နဲ့ Gmail မှာတော့ Primary, Social, Promotions ဆိုပြီး Tab ၃ခုနဲ့ အဓိကထားကွဲထွက်နေတာကို တွေ့ ရပါလိမ့်မယ်။ တကယ်တော့ Tab ၅ ခုပါရှိပါတယ်။

သူငယ်ချင်းတွေဆီက တိုက်ရိုက် ပေးပို့ တဲ့ အီးမေးလ် တွေက Primary Tab မှာ ဝင်နေမှာ ဖြစ်ပါတယ်။ ဒီလို သူငယ်ချင်းတွေ တိုက်ရိုက်ပေးပို့ တဲ့မေးလ်တွေက တခြား Tab တွေထဲကို မဝင်ရောက်နိုင်ပါဘူး။

Social Tab မှာတော့ ဆိုရှယ်နက်ခ်ဝေါ့ခ်တွေ ဖြစ်တဲ့ တွီတာ၊ဖေ့စ်ဘွတ်ခ်တို့ မှာဝင်တဲ့ Notification အကြောင်းကြားစာ အီးမေးလ်မျိုးတွေပဲ သီးသန့် ရှိနေတတ်တဲ့ Tabပါ။

Promotions Tab မှာတော့ ကြော်ငြာ ဝက်ဘ်ဆိုဒ်တွေက ပေးပို့ တဲ့ ကြော်ငြာသတင်း တွေ သီးသန့် ပဲ ဝင်ရောက်နေမှာပါ။

Update Tab ကတော့ မြန်မာနိုင်ငံမှာ သုံးဖြစ်မယ်လို့ မထင်ပါဘူး။ ဒီ Tab က အွန်လိုင်းကနေ တဆင့် အက်ပ်ဒိတ်လုပ်ရမယ့် အီးမေးလ်တွေပဲ ဝင်ရောက်နေမှာပါ။ eg. Receipts, bills, statements

Forums Tab မှာတော့ အုပ်စုဖွဲ့ စကားပြော(chatting)နိုင်ပြီး၊ discussion board တွေပြုလုပ်နိုင်ပါတယ်။

နဂို Gmail ပုံစံအဟောင်းပဲဖြစ်နေသေးရင် Gmail ဖွင့်ထားတဲ့ စာမျက်နှာရဲ့ ညာဘက် ဒုတိယအပေါ်တန်းမှာ စက်သွားပုံစံ Settings ကို နှိပ်ပါ။ Configure inbox ကို နှိပ်ပြီး box တစ်ခုကျလာပါလိမ့်မယ်။ Starred messages အောက်က Include starred in Primary ကို အမှန်ခြစ်ပေးပြီးsave နှိပ်ခြင်းဖြင့်လည်း Gmail အသစ်ပုံစံကို ရနိုင်ပါတယ်။

Settings>Configure inbox>Drop Down List> check on "Include starred in Primary" > Save

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *