ရော်ဂျာဖက်ဒဲရာကို အနိုင်ယူပြီး သြစတြေးလျအိုးပင်း ဖိုင်နယ်ပွဲစဉ်ကို ရာဖေးလ်နာဒယ် တက်ရောက်သွားပြီ

hi-res-464800679-rafael-nadal-of-spain-shakes-hands-with-roger-federer_crop_north.jpg
Shares 0

လက်ရှိကျင်းပနေတဲ့ သြစတြေးလျအိုးပင်း အမျိုးသားတစ်ဦးချင်း ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အသက် ၃၂ နှစ်အရွယ် ကမ္ဘာ့နံပါတ်တစ် တင်းနစ်ကစားသမားဟောင်း (လက်ရှိ ကမ္ဘာ့အဆင့် ၆ ) ရော်ဂျာဖက်ဒဲရာ ဟာ သောကြာနေ့  က ရာဖေးနာဒယ်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကို နှုတ်ဆက်ခဲ့ရပါပြီ။

လက်ရှိကမ္ဘာ့အဆင့်တစ် တင်းနစ်ကစားသမား နာဒယ်လ် ဟာ ဖက်ဒဲရာကို ၇-၆ (၇-၄) ၆-၃ ၆-၃ နဲ့ အနိုင်ယူပြီး တနင်္ဂနွေနေ့ မှာ ကျင်းပမယ့် နောက်ဆုံးဗိုလ်လုပွဲစဉ်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။

မနေ့ က ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်အပြီး ရာဖေးနာဒယ်လ် ရဲ့ လက်စွမ်းကို ဖက်ဒဲရာက အခုလို ချီးမွမ်းသွားခဲ့ပါတယ်။

“ ရာဖေးလ်ဟာ တစ်လျှောက်လုံး ကျွန်တော့်ကို ဖိအားပေးကစားသွားနိုင်ခဲ့ပါတယ်။ တတိယပွဲစဉ်လောက် အရောက်မှာ ကျွန်တော်အရမ်းပင်ပန်းနေပါပြီ။ ဒါပေမယ့် ကျွန်တော် ဒီရလဒ်ကို ကျေနပ်ပျော်ရွှင်မိပါတယ်။ ကျွန်တော် မျှော်လင့်ထားတဲ့အတိုင်းပဲ ရာဖေးလ်ဟာ သူ့ ပုံစံအတိုင်း အကောင်းဆုံးကစားသွားပြီး ကမ္ဘာ့အဆင့်တစ် တင်းနစ်ကစားသမား နဲ့ ထိုက်တန်ကြောင်း သက်သေပြသွားခဲ့ပါတယ်။”  လို့ အသက်  ၃၂ နှစ်အရွယ်ကို ရောက်ရှိလာပြီဖြစ်တဲ့ ကမ္ဘာ့အဆင့်တစ် တင်းနစ်ကစားသမားဟောင်း ရော်ဂျာဖက်ဒယ်ရာက ပြောကြားသွားပါတယ်။

ဖိုင်နယ်ပွဲစဉ်မှာ နာဒယ်လ်ဟာ ကမ္ဘာ့အဆင့် ၈ ဆွစ်ဇာလန် တင်းနစ်ကစားသမား စတန်နီစလတ်စ် နဲ့ တွေ့  ဆုံမှာ ဖြစ်ပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *