ထသွားထလာ ၀တ်ဆင်နိုင်တဲ့ အနုပညာရှင်တွေရဲ့ Sundance ရုပ်ရှင်ပွဲတက် အမိုက်စားဖက်ရှင်များ

item0.rendition.slideshowvertical.sundance-2014-first-slide.jpg
Shares 0

ရုပ်ရှင်ပွဲတော်တွေဆိုရင် ဂါဝန်အရှည်ကြီးတွေ၊ အထူးအဆန်းဖက်ရှင်တွေနဲ့ ပွဲတက်လေ့ရှိကြပေမယ့် Sundance ရုပ်ရှင်ပွဲတော်ကိုတော့ တမူထူးခြားတဲ့ ဖက်ရှင်ဒီဇိုင်းတွေနဲ့ အနုပညာရှင်တွေ ပွဲတက်လာတာ တွေ့ခဲ့ရပါတယ်။ ဒါ့ကြောင့် အဲ့ဒီအမိုက်စားတွေထဲက ဘယ်လိုဒီဇိုင်းမျိုးတွေက ဒီမှာပြန်ဝတ်ဆင်လို့ အဆင်ပြေမလဲဆိုတာ ရွေးချယ်ဖော်ပြပေးလိုက်တယ်နော်။

၁။ Zoe Saldana ရဲ့ ဖက်ရှင်ဒီဇိုင်းကတော့ black n white ကာလာနဲ့ အလန်းစားဒီဇိုင်းပါပဲ။ ခါးတစ်ဝက်လောက်ထိပါတဲ့ sweater အကျပ်နဲ့ ရှပ်အကျီင်္ံတွဲဝတ်ထားတာပါ။ ရိုးရှင်းပေမယ့် တွေ့ရခဲတဲ့ ဖက်ရှင်ဒီဇိုင်းတစ်မျိုးပါ။

၂။ထသွားထလာဖက်ရှင်ဒီဇိုင်းမို့ ဒီမှာပြန်ဝတ်နိုင်ဖို့ သေချာတဲ့ ဒီဇိုင်းပါ။ ဂျက်ကတ်အမိုက်စားတစ်ထည်ရှိတာနဲ့ အလုပ်ဖြစ်တဲ့ ဖက်ရှင်မို့ Elle Fanning ဖက်ရှင်ကို ဒီက ပျိုမေတွေ နှစ်ခြိုက်ကြမှာပါ။

၃။Brit Marling ရဲ့ Midi စကတ်ဒီဇိုင်းကို ကြည့်လိုက်ပါဦး။ ဒီမှာအဲ့ဒီလို စကတ်မျိုးရှာလို့မရရင်တော့ ကိုယ့်ဘာသာကို ပိတ်စရှာပြီး ချုပ်ဝတ်သင့်တဲ့ စကတ်ဒီဇိုင်းမျိုးပါ။ ပွဲတက်အတွက် သင့်တော်တဲ့အပြင် သူမတွဲဝတ်ပြထားသလို sweatshirtနဲ့ ဖြစ်ဖြစ် pullover တွေနဲ့တောင် တွဲဝတ်နိုင်တာမို့ ပါတီ၊ ရှိုးပွဲတွေသွားရင်လည်း ၀တ်ဆင်နိုင်တယ်လေ။

၎။ကာလာအဆန်းတွေ အများကြီး ရှိရက်နဲ့ အခြေခံအကျဆုံး အဖြူနဲ့အနက်ကိုပဲ ရွေးချယ်ဝတ်ဆင်သွားတဲ့ Diane Kruger ရဲ့ ဖက်ရှင်ဟာ သန့်ပြီးတကယ်ကို ကြည့်ကောင်းနေတာပါ။ စီးထားတဲ့ boot နဲ့လည်း ကွက်တိ အထာကျနေပြန်တယ်လေ။

၅။Keira Knightly ၀တ်ဆင်ထားတဲ့ ဒီဖက်ရှင်ရဲ့ ထူးခြားချက်ကတော့ စကတ်လို့ ပြောရမှာပါ။ ဇာစကတ်ကို ခါးရှည်အကျီင်္ံကို ခါးပတ်လေးပတ်ပြီး ၀တ်ထားတာ ရိုးမလိုလိုနဲ့ သိပ်ဆန်းတဲ့ ဖက်ရှင်ဖြစ်သွားပါတယ်။

၆။Kristen Stewart ရဲ့ ဖက်ရှင်ကိုတော့ tomboy style ရယ်လို့ အားလုံးက သတ်မှတ်ကြပေမယ့် သူလည်း ရှင်းရှင်းလေးနဲ့ မိုက်နေပါတယ်။ ဂျက်ကတ်တစ်ထည်ရယ်၊ skinny ဂျင်းဘောင်းဘီနဲ့ boot လေး ပေါင်းစပ်ဝတ်ဆင်ထားတာ ဒီမှာလည်း ၀တ်ဆင်နိုင်တဲ့ ဖက်ရှင်မို့ ဖော်ပြပေးလိုက်ပါတယ်။

Ref:luckymag.com

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *