အချစ်ဟာ သဘာဝလွန်ခံစားချက်တစ်ခုပါလို့ ဆိုလိုက်တဲ့ နိုင်းဝမ်း

1486656_10201752148388654_587001253_n.jpg
Shares 0

ရက်ပ်ပါဆိုပေမယ့် battle သီချင်းမျိုးတွေကို ဦးစားပေးဆိုလေ့မရှိဘဲ အချစ်သီချင်းတွေနဲ့ ပရိသတ်ပိုသိကြတဲ့ နိုင်းဝမ်းနဲ့ တွေ့ဆုံခိုက် သူ့ရဲ့အချစ်ရေးနဲ့ ၂၀၁၄ ချစ်သူများနေ့ကို ဘယ်လိုဖြတ်သန်းဖြစ်မလဲ ဆိုတဲ့အကြောင်း မေးကြည့်လိုက်တဲ့အခါ သူက ‘ချစ်သူများနေ့မှာ ရှိုးဆိုဖြစ်မယ်။ ပြီးရင် ကျွန်တော့ကောင်မလေးနဲ့လျှောက်သွားမယ်။ ရှိုးဆိုတဲ့ အချိန်ကလွဲရင် သူ့ကိုတစ်နေကုန် အချိန်ပေးထားတယ။် လက်ဆောင်ကိုတော့ ဖွက်ထားလိုက်ဦးမယ်။ အချစ်ဆိုတာ လူတိုင်းရဲ့စိတ်ခံစားချက်ပေါ့။ လူတစ်ကိုယ်စိတ်တစ်မျိုးဆိုပေမဲ့ အချစ်က လဲသာယာတဲ့သူအတွက် သာယာတဲ့အရာတစ်ခု၊ ပူလောင်တဲ့သူအတွက် ပူလောင်တဲ့အရာတစ်ခုပေါ့။ စိတ်ခံစားမှုတစ်ခုလို့ပဲ နားလည်ထားပါတယ။် ဒါပေမဲ့ လူနှစ်ယောက်ရဲ့ စိတ်ခံစားချက်တွေ တိုက်ဆိုင်ပြီး အချစ်တစ်ခုဖြစ်ဖို့ဆိုတာ မလွယ်ဘူး။ ကျွန်တော်ကတော့ သဘာဝလွန်စိတ်ခံစားချက် တစ်ခုလို့ပဲမြင်ပါတယ်။ လက်ရှိအချစ်က ကိုယ်လိုအပ်တဲ့အရာလေး ကိုယ့်အနားမှာရှိနေတဲ့အတွက် ကျေနပ်တယ်။ ပေးဆပ်ရတာကိုလဲ ကျေနပ်တယ်။ သူ့ကိုရွေးချယ်ဖြစ်တာက သူ့ကိုစတွေ့တဲ့အချိန်မှာ မျက်နှာလေးက ကြည်ပြီးစတွေ့ကတည်းက စိတ်ဝင်စားလို့ ရွေးချယ်ဖြစ်တာပါ’တဲ့။

ချစ်သူများနေ့မှာ ချစ်သူသက်တမ်း ၈လပြည့်မှာဖြစ်တဲ့ နိုင်းဝမ်းက သူ့ရဲ့ မင်္ဂလာသတင်းနဲ့ ပတ်သက်ပြီးတော့ ‘သူကတော့ ငယ်သေးတယ်။ ကျွန်တော်လဲ ပိုက်ဆံတွေရှာဦးမယ်ဆိုတော့ ၃နှစ်လောက်တော့ သူစဉ်းစားတာကို စောင့်နေဦးမယ။် မင်္ဂလာသတင်းကတော့ လိုပါသေးတယ်။ ချစ်သူများနေ့မှာ ချစ်သူများအားလုံးအတွဲတွေ ကိုယ်စီနဲ့ပျော်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။’လို့သူက ပြောသွားပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *