အနာဂတ်မှာ Skype မှ 3D video ခေါ်ဆိုဖို့ ပြင်ဆင်နေ။

skype.png
Shares 0

Skype ကနေ 3D video ခေါ်ဆိုနိုင်ဖို့  ကြိုးစားနေသော်လည်း ကင်မရာ နှင့် ဗီဒီယိုနည်းပညာပိုင်းဆိုင်ရာမှာ လိုအပ်မှုတွေရှိသေးတာကြောင့် မထုတ်လုပ်နိုင်သေးပဲ ခေတ္တခဏရပ်တန့်ထားပါတယ်။
အခုရေပန်းစားနေတဲ့ Video chat နှင့် Instant-messaging app တို့က အနာဂတ်မှာ 3D ပုံဖော်နိုင်တဲ့ conversations တွေ ထုတ်လုပ်နိုင်ဖို့ အလားအလာရှိပါတယ်။ ဒါပေမယ့်လည်း နည်းပညာ ဖွံ့ဖြိုးမှုတွေ မလုံလောက်လို့  နှစ်ပေါင်းများစွာ ကြာမြင့်နိုင်ဦးမယ်လို့  Microsoft’s Skype ကုမ္ပဏီရဲ့  ဥက္ကဋ္ဌ ဖြစ်သူ Mark Gillett ကပြောခဲ့ပါတယ်။
လေ့လာတွေ့ ရှိမှုတွေအရ လူတော်တော်များများက အခုဆိုရင် 3D ပုံပေါ်နိုင်သော TV နဲ့ Computer monitors တွေကိုသုံးစွဲလာပေမယ့် capture device ကတော့ ဈေးကွက်ထဲကို မရောက်ရှိသေးပါဘူးတဲ့။
Gillet ရဲ့ ရှင်းပြချက်အရ 3D video တွေခေါ်ဆိုနိုင်ဖို့  computer system တစ်ခုထဲမှာ လူတွေရဲ့  လှုပ်ရှားမှုကို ရှထောင်းအမျိုးမျိုးကနေ ဖမ်းယူနိုင်ဖို့  ကင်မရာ မြောက်များစွာထားရှိဖို့ လိုအပ်ပါတယ်။ Skype’s research နှင့် Development အဖွဲ့တွေက ဒီ system နဲ့ ပတ်သက်ပြီး Lab ထဲမှာ နည်းပညာပိုင်းတွေမှာ ဆက်လက်လေ့လာနေကြပါပြီ။ 3D video chat ကို အကောင်အထည်ဖော်နိုင်ခဲ့ရင်လည်း အခု Ecosystem ရဲ့ device တွေက 3D နည်းပညာ အပေါ်မှာ ကန့်သတ်ချက်တွေရှိနေလို့  ရှေ့ဆက်ရန်ဖို့  အခက်အခဲတွေအများကြီးရှိနေတယ်လို့  Gillet က ယူဆထားပါတယ်။

http://news.cnet.com/8301-1023_3-57600560-93/skype-sees-3d-video-calling-in-its-future/ မှ ဘာသာပြန်တင်ဆက်ထားပါသည်။
“Skype video chatting – now on Android” © 30th June 2011 OfficialSkype, used under a Creative Commons Attribution-ShareAlike license:http://creativecommons.org/licenses/by/2.0/deed.en

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *