မန်ချက်စတာယူနိုက်တက်အသင်း ဒီည ဆန်းဒါးလန်းနဲ့ လိဂ်ဖလားပွဲစဉ်မှာ အနိုင်ရရှိမှ ဖြစ်မယ်လို့ ပြောလိုက်တဲ့ ဂယ်ရီ နဗီးလ်

gary-neville-sky.jpg
Shares 0

ယနေ့ ည အိုးထရက်ဖို့ ဒ်မှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဆန်းဒါးလန်းအသင်းတို့ ရဲ့ ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ ပထမအကျော့ ဆန်းဒါးလန်းရဲ့ အိမ်ကွင်းမှာတုန်းက ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ထားခဲ့တဲ့အတွက် ဒီပွဲမှာ အနိုင်ကစားနိုင်မှ ဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က မန်ယူအသင်းဟာ အမှတ်ပေးဇယားမှာ ဆိုးရွားနေတဲ့ ရလဒ်တွေကို ဖုံးဖိဖို့ အတွက် ဆုတံဆိပ်တစ်ခု လိုအပ်နေကြောင်း ပြောကြားလိုက်ပါတယ်။

မန်ချက်စတာစီးတီးအသင်းနဲ့ အတူ ၀င်ဘလေကွင်းမှာ ဖိုင်နယ်ပွဲစဉ်ကို ကစားနိုင်ဖို့ အတွက် မန်ယူဟာ ဒီပွဲကို အနိုင်ရရှိမှ ဖြစ်ပါတယ်။ တကယ်လို့ မိုရက်စ်သာ လိဂ်ဖလားကို သိမ်းပိုက်နိုင်ခဲ့မယ်ဆိုရင် သူ့ ကို ဝေဖန်နေတဲ့သူတွေ မှားယွင်းကြောင်း သက်သေပြဖို့ အခွင့်အရေးဖြစ်လာပါလိမ့်မယ်လို့ ဂယ်ရီနဗီးလ်က Sky Sports ရုပ်သံဌာနကို ပြောကြားခဲ့ပါတယ်။

Ref: Sky Sports

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *