အဟာရလည်းဖြစ် အလှအပအတွက်လည်း အကျိုးရှိပြီး အလွယ်တကူ ရနိုင်တဲ့ DIY မျက်နှာပေါင်းတင်နည်းလေးတွေ – အပိုင်း (၂)

food-facial-mask-400x400.jpg
Shares 0

(၆)     သံလွင်သီး ။ သံလွင်စေ့တွေကို ကြိတ်စက်ထဲရောမွှေကြိတ်လိုက်ပြီး body scrub အနေနဲ့ သုံးပေးလို့ ရပါတယ်။ အသားအရေ ခြောက်သွေ့ခြင်းနဲ့ ဆဲလ်အသေတွေကို ဖယ်ရှားပေးပါတယ်။

 (၇)    သံလွင်ဆီ ။ သံလွင်ဆီကို အသားအပေါ် တိုက်ရိုက်လိမ်းလိုက်ပါ။ ပြီးရင် အသားအရည် နူးညံ့လာပြီလို့ ခံစားရတဲ့အထိ အ၀တ်တစ်ခုနဲ့ ပွတ်တိုက်ပေးပါ။

(၈)     လဖက်စိမ်း ။ လဖက်စိမ်း စက္ကူထုတ်လေးတွေကို အေးအောင် ရေခဲသေတ္တာထဲထည့်ထားပြီး မျက်လုံးပေါ် ၁၀-၁၅ မိနစ်လောက် အုပ်ထားရင် မျက်လုံးအေးစေပါတယ်။

(၉)     သကြားညို ။ သကြားညို ခွက်တ၀က်လောက် ယူပြီး ပွန်းပဲ့မှုသက်သာစေရန် အနည်းငယ် ကြေညက်သွားအောင် ကော်ဖီကြိတ်စက်ထဲထည့်ကြိတ်ပါ။ ပြီးရင် အသားအရေနူးညံ့စေရန် သံလွင်ဆီ သုံးဇွန်းလောက်ထည့်ပါ။ မျက်နှာကိုရေစွတ်လိုက်ပြီး scrub ပုံစံ မျက်နှာပေါ်မှာ စက်ဝိုင်းပုံလှည့်လည် နှိပ်နယ်ပေးပါ။ ၁မိနစ် ၊ ၂မိနစ်ကြာရင် ရေနွေးနဲ့ဆေးလိုက်ပါ။

Ref:health.com

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *