အိပ်ကပ်ထဲ ထည့်လို့ ရတဲ့ G Pad 8.3 tablet

1176400_562324327137915_284341560_n.jpg
Shares 0

Berline မှာ ပြုလုပ်ကျင်းပခဲ့တဲ့ IFA 2013 ကုန်စည်ပြပွဲမှာ LG ရဲ့ ပြောကြားချက်အရ အိပ်ကပ်ထဲ ထည့်လို့ ရတဲ့ အရွယ်ရှိတဲ့ G Pad 8.3 tablet က ၈ လက်မသာရှိပြီး full HD display ပါဝင်ပြီး ယခုအခါ ဈေးကွက်ထဲကို ပထမဆုံးဝင်ရောက်တော့မှာဖြစ်ပါတယ်။

G Pad 8.3 က နောက်တစ်ပတ်မှာ တရားဝင်ထွက်ရှိတော့မှာဖြစ်ပေမယ့် အခုအပတ်ထဲမှာ ကုမ္ပဏီက အချက်အလက်တွေ အသိပေးကြေညာ သွားခဲ့ပါသည်။ လွန်ခဲ့တစ်ပတ်မှာလည်း ပျော်ပွဲရွင်ပွဲ ပြုလုပ်ပေးပြီး ပစ္စည်းသစ်မိတ်ဆက် ဗီဒီယိုကို Youtube ပေါ်တင်ခဲ့ပါတယ်။ ဒီ tablet က tablet size ဖြစ်လို့  ဘယ်နေရာကိုမဆို အလွယ်တကူသယ်ယူသွားနိုင်မှာ ဖြစ်ပါတယ်။

အဖြူ ၊ အမည်း အရောင် နှစ်မျိုးနဲ့ ရနိုင်မှာဖြစ်ပြီး အလေးချိန်က ၁ပေါင်မပြည့်လောက်အောင်ပေါ့ပါးပါတယ်။ Android 4.2.2 (Jelly Bean) ကိုအခြေခံထား ပြုလုပ်ထားပါတယ်။ Memory ကတာ့ 16GB ရှိပြီး RAM 2BG ၊ အနောက် ကင်မရာက 5.0MP နဲ့ အရှေ့ ကင်မရာက 1.3MP တို့ပါရှိပါတယ်။ LGရဲ့  ပြောကြားချက်အရ ဒီ tablet က 338grams သာလေးလံပြီး သတင်းစာတစ်ေ
စာရဲ့ အလေးချိန်နှင့်ညီမျှပါတယ်။ 1.7GHz quad-core Qualcomm Snapdragon 600 processor တို့်လည်း ပါဝင်ပါတယ်။ ဈေးနှုန်းကိုတော့ မကြေညာသေးပါဘူး။ ဒီ tablet ကို 2013 မကုန်ခင်မှာ North America, Europe နှင့် Asia အစရှိတဲ့ International Market တွေမှာ ဒီနှစ်အတွင်း LG ရဲ့ ပထမဆုံး ထုတ်လုပ်ဖြန့် ချိမယ့် tablet အသစ်ဖြစ်ပါတယ်။ G Pad 8.3 နှင့် G2 smartphone ထုတ်လုပ်မှုတွေက Samsung Galaxy S4 နဲ့ အပြိုင်အဆိုင်ထုတ်လုပ်နေကြတာ ဖြစ်ပါတယ်။

http://mashable.com/2013/09/01/lg-g-pad-8-3/ မှာ ဘာသာပြန်တင်ဆက်ထားပါသည်။

Image Source: http://rack.1.mshcdn.com/media/ZgkyMDEzLzA4LzA4L2FiL2xnZzJoYW5kc29uLjlkNGI1LmpwZwpwCXRodW1iCTg1MHg1OTA-CmUJanBn/e1985c8a/128/lg-g2-hands-on-07.jpg
 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *