သမိုင်းတလျှောက် အကောင်းဆုံး ဒရမ်သမားများ – အပိုင်း(၁)

dave-grohl-920x422.jpg
Shares 0

          တီးဝိုင်းတစ်ခုကို မြိုင်ဆိုင်အောင် နောက်ကွယ်ကပံ့ပိုးပေးရသူ ၊ ဂစ်တာသမားများလောက် ပရိသတ်နဲ့ ထိတွေ့ခွင့် မရသူများကတော့ ဒရမ်သမားတွေပါ။

သူတို့တွေထဲက သမိုင်းတလျှောက် လက်ရှိအချိန်အထိ အကောင်းဆုံး ဒရမ်သမားတွေကို ရွေးထုတ်ထားပါတယ်။ player တွေ လေ့လာနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။

(၁)     JOHN BONHAM – LED ZEPPELIN

          သူ့ရဲ့ ဆိုလိုတွေဟာ အခုအချိန်ထိ လူကြိုက်များဆဲဖြစ်ပြီး ဒရမ်မာတစ်ဦးရဲ့ မှတ်သားလောက်တဲ့ ခုတ်ချက်တွေ ထားရစ်နိုင်ခဲ့သူပါ။ သူ့ရဲ့ လက်ရာကို “Moby Dick” မှာ လေ့လာနိုင်ပါတယ်။

(၂)     KEITH MOON – THE WHO

          ရိုးရှင်းတဲ့အသံနဲ့ ကျယ်လောင်တဲ့အသံတွေကို တစ်ချိန်တည်းမှာ ကြားနိုင်အောင် တီးခတ်နိုင်ခဲ့တဲ့ အထင်ကြီးဖွယ် ပညာရှင်ပါပဲ။ “Who Are You” ဆိုတဲ့ သူတီးခတ်ထားတဲ့ သီချင်းက ဒါတွေကို သက်သေခံပါလိမ့်မယ်။ နောက်ထပ် စွမ်းရည်တစ်ခုကတော့ ဒရမ်တီးနေစဉ် သူ့ရဲ့မျက်နှာထားပဲ ဖြစ်ပါတယ်။

(၃)     STEWART COPELAND – THE POLICE

          တကယ်တီထွင်နိုင်စွမ်းရှိပြီး ရှုပ်ထွေးတဲ့ ဒရမ်သံစဉ်တွေကို လွန်စွာမှ အလွယ်တကူ ပြုလုပ်နိုင်သူပါ။ “Roxanne” ထဲက သူ့ရဲ့ jazzy လက်သံဟာ ရော့ခ်ဒရမ်လောကရဲ့ ရှေ့ဆောင်လှုပ်ရှားမှုတစ် ဖြစ်ခဲ့ပါတယ်။

(၄)     GINGER BAKER – CREAM

          ဘေ့စ် ဒရမ်နှစ်လုံးအစား တစ်လုံးတည်းကိုသာ အသုံးပြုခဲ့တဲ့ ပထမဦးဆုံးသော ဒရမ်သမားပါ။ ရောခ်အင်ရိုးရဲ့ ပထမဦးဆုံးသော ဒရမ်သမားဖြစ်ဖို့ ကြိုးစားရန်ဆုံးဖြတ်ခဲ့ပြီး “metal band တိုင်းရဲ့ ဒရမ်မာ သမားတိုင်း အတုခိုးရတဲ့သူ”လို့တောင် သတ်မှတ်ခံရတဲ့ သူ့ရဲ့ အစွမ်းကို “flam” နဲ့ အားလုံးသိရှိခဲ့ပါတယ်။

(၅)     ?UESTLOVE

          သူ့ဆီက R&B နဲ့ HIP-HOP တွေကို ခံစားရနိုင်ပေမယ့် လိုအပ်လာတဲ့အခါ jazz နဲ့ rock စတိုင်တွေကိုလည်း ချပြနိုင်ပါတယ်။

Ref:green-label

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *