Android KitKat

1003073_562722503764764_592793250_n.png
Shares 0

Google ကတော့ အမြဲ ကြော်ငြာအားကောင်းနေတာပါ။ အခုဆိုရင် Android ရဲ့ နောက်အသစ်ထွက်မယ့် version အတွက် နာမည်ကောင်းကောင်းလေးပေးဖို့ စီစဉ်ပြီးပါပြီ။ Android Key Lime Pie လို့ အမည်ပေးမယ်လို့ ထင်ကြေးပေးခံရပေမယ့်လည်း နောက်ဆုံး Android Kit Kat လို့ အမည်တွင်သွားခဲ့ပါပြီ။ ဟုတ်ပါတယ်၊ ပုံကလည်း ချောကလက်ဝေဖာချောင်းလေးတွေဖြစ်တဲ့ KitKat ပုံနဲ့  Android Robort ပေါင်းစပ်ထားတဲ့ပုံပါ။

"Android KitKat" လို့ နာမည်ပေးလိုက်တာက ပြီးစလွယ် ငွေရေးကြေးရေးခြေပြီး အမည်သုံးလိုက်တာမဟုတ်ပါဘူး။ Google က KitKat ကို ကြိုက်နှစ်သက်သလို၊ KitKat ကလည်း Google ကို ခင်တွယ်ပါတယ်” လို့  Android ရဲ့ တွဲဖက်ဒါရိုက်တာ John Lagerling က နာမည်ပေးတာနဲ့ ပတ်သက်လို့ ရှင်းပြခဲ့ပါတယ်။ Engineering အဖွဲ့ ကသူတွေကြားမှာ KitKat ကရေးပန်းစားပြီး လူကြိုက်များလွန်းလို့  ဒီနာမည်ကို ယူသုံးဖြစ်သွားတာပါ တဲ့။

မိုဘိုင်း OS တွေမှာ error ဖြစ်နေတဲ့ ပြဿနာတွေအတွက် Google ကဆက်လက် အဖြေရှာပြီး ပြင်ဆင်ပေးသွားမှာဖြစ်ပါတယ်။ Android 4.4 KitKat က အသုံးပြုသူအားလုံးအတွက် အံ့မခန်းလောက်အောင်ကောင်းမွန်တဲ့ Android အနေနဲ့ ရောက်ရှိလာမှာဖြစ်ပါတယ်။ အခုနောက်ဆုံး ထွက်ရှိထားတဲ့ Jellly Bean ကတော့ ကန့် သတ်ချက်တချို့ တွေရှိလို့  Android အသုံးပြုသူ တချို့ အတွက် အဆင်မပြေခဲ့ပါဘူး လို့  Google က ရှင်းပြခဲ့ပါတယ်။

http://www.wired.com/gadgetlab/2013/09/android-kitkat-ads/?mbid=social11502084 မှ ဘာသာပြန်တင်ဆက်ထားပါသည်။

Image Source: (http://www.wired.com/images_blogs/gadgetlab/2013/09/Screen-Shot-2013-09-03-at-9.57.34-AM.png )

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *