ခုလို ကားရိုက်တွေ၊ ဗီစီဒီတွေအတွက် အဆက်အသွယ်တွေ ရလာတာ ဖေ့စ်ဘွတ်ခ်က ပရိသတ်တွေကြောင့်ပါလို့ ဆိုလိုက်တဲ့ ဇွန်သဉ္ဇာ

65533_486651571402182_1471738481_n.jpg
Shares 0

၂၀၁၃၊ တစ်လပိုင်းလောက်ကမှ ဖေ့ဘွတ်ကနေSexy poseပုံတွေတင်ရင်းနဲ့ လူအများရဲ့စိတ်ဝင်စားမှု၊ ဝေဖန်မှုတော်တော်များများကို ခံခဲ့ရပြီး အခုချိန်မှာတော့ အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းခွင့်ရနေပြီဖြစ်တဲ့ ဇွန်သဉ္ဇာကို လတ်တလော အနုပညာလှုပ်ရှားမှုတွေအပြင်၊ Sexy poseတွေနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့တာကတော့

လတ်တလောအနုပညာလှုပ်ရှားမှု ရှိရင်ပြောပြပေးပါ။

လတ်တလောမှာတော့ ဓာတ်ပုံရိုက်ဖြစ်ပါတယ်။ ဗီစီဒီတွေရိုက် ဖြစ်နေပါတယ်။ ပြီးတော့ ဗီဒီယိုဇာတ်ကားတွေ ရိုက်ဖြစ်နေပါတယ်။

ဇာတ်ကားရိုက်ကူးပိုင်းနဲ့ ပတ်သက်ပြီး ဘယ်လိုဇာတ်ရုပ်မျိုးတွေကို ရွေးချယ်ပြီး ရိုက်ဖြစ်နေတယ် ဆိုတာပြောပြပေးပါ။

ကိုယ့်အတွက် လုပ်ကွက်ရတဲ့ဇာတ်မျိုး၊ ကိုယ်နဲ့လည်းလိုက်ပြီး ကိုယ့်အတွက်အဆင်ပြေတယ်၊ နေရာလည်းရမယ်ဆိုရင် ရိုက်ဖြစ်ပါတယ်။

သရုပ်ဆောင်ပညာနဲ့ ပတ်သက်ပြီး လေ့လာမှုအပိုင်းတွေရှိရင် ပြောပြပေးပါ။

ဇွန့်ရဲ့သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေ အများကြီးပဲရှိပါတယ်။ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ သင်ဆရာတွေဖြစ်တဲ့ အော်စကာသရုပ်ဆောင်သင်တန်းက ဦးထူးသာ၊ ဦးကိုကိုလေးတို့က သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး သင်ပေးလို့ သိပ်ပြီးအခက်အခဲမရှိပါဘူး။

နောက်ပိုင်းမှာရော ဇာတ်ကားရိုက်ကူးမှုအပိုင်းနဲ့ ဘယ်လိုဇာတ်ရုပ်မျိုးတွေကိုရွေးချယ်သွားမလဲ။

ကိုယ့်အတွက်လုပ်ကွက်ရမယ်ဆိုရင် ဗီလိန်ပဲဖြစ်ဖြစ်၊ ဗန့်ကားပဲဖြစ်ဖြစ်လုပ်ကြည့်မယ်။ပြီးတော့ ကိုယ်နဲ့လိုက်ဖက်တဲ့ ကာရိုက်တာမျိုးလဲ ဖြစ်ရမှာပေါ့။

ကိုယ်တိုင်ကရော ဘယ်လိုကာရိုက်တာမျိုးကို ရိုက်ရတာသဘောကျလဲ။

ကိုယ်တိုင်ကတော့ ဗီလိန်ပိုင်း သဘောကျပါတယ်။ ခမ်မာမာ လူမုန်းများတဲ့ နေရာမျိုးပေါ့။ အဲဒီလိုဇာတ်ရုပ်မျိုးကို ပိုလုပ်ချင်တယ်။

အနုပညာလမ်းကြောင်းပေါ်မှာ ကိုယ့်အတွက် တက်လမ်းတွေက ခက်ခဲစေတယ်လို့မြင်မိသလား။

အခက်အခဲအများကြီးရှိပါတယ်။ အထူးသဖြင့် သရုပ်ဆောင်ပိုင်းပေါ့။ ဒီလောကမှာ သရုပ်ဆောင်တစ်ယောက် အဖြစ်ရပ်တည်ဖို့ပိုပြီးတော့ ခက်ခဲတယ်။ မော်ဒယ်လ်တစ်ယောက် ဖြစ်ဖို့ကတော့လွယ်တယ်။ သရုပ်ဆောင်ဖြစ်ဖို့ကျတော့ အဆက်အသွယ်တွေ၊ လုပ်ပိုင်ခွင့်တွေပေါ့။ ကိုယ်ဘယ်လောက်ပဲ တော်နေတော်နေ ကိုယ့်ကို လုပ်ပိုင်ခွင့်ပေးမှ လုပ်လို့ရမယ်။ အဲဒီအတွက် အဆက်အသွယ်တွေက အရမ်းအရေးကြီးပါတယ်။ လုပ်ခွင့်ရဖို့ကလည်း အရမ်းအရေးကြီးပြီးတော့ တော်တော်ခက်ခဲပါတယ်။                                          

အခုလိုမျိုး အချိန်တိုတိုလေးအတွင်းမှာပဲ ဇာတ်ကားတွေရိုက်လာရတာဘာကြောင့်လဲ။

ကျေနပ်ပါတယ်ရှင့်။ ဒီလိုနေရာမျိုး ထိရောက်လာရတယ်ဆိုတာ ဖေ့စ်ဘွတ်ခ်က ပရိသတ်တွေ ကြောင့်ပါပဲ။ ဖေ့ဘွတ်ကနေ ပုံတွေတင်တယ်၊ ပုံတွေတင်ရင်းနဲ့မှ လူသိများလာပြီးတော့ အဲဒီကနေ အဆက်အသွယ်တွေရခဲ့ ဂျာနယ်တွေ၊ ကားရိုက်တွေ၊ ဗီစီဒီတွေခေါ်ရိုက်လာကြတယ်။ ဒါရိုက်တာတွေကလည်း ဖေ့စ်ဘွတ်ခ်ကနေ တွေ့ပြီး သဘောကျပြီးတော့ ဆက်သွယ်လာကြတယ်။

အခုလိုသရုပ်ဆောင်လမ်းကြောင်းပေါ် ရောက်လာဖို့အတွက်ကို ဖေ့စ်ဘွတ်ခ်မှာပုံတွေတင်ခဲ့တာ အဓိကအကြောင်းအရင်းဖြစ်မလား။

ဟုတ်ကဲ့။ အဓိကအကြောင်းအရင်းကတော့ ဖေ့စ်ဘွတ်စ်မှာပုံတွေ တင်ရင်းနဲ့မှအားပေးတဲ့ သူတွေများလာတာနဲ့ ဆက်တင်ဖြစ်တယ်။ ဆက်တင်ဖြစ်ရင်းနဲ့မှ လူတွေပိုသိလာတယ်။ ဒီအနုပညာက လူတွေနဲ့ပိုခင်ပြီးတော့ အဆက်အသွယ်တွေအများကြီးရလာတဲ့အတွက် အရမ်းပဲ ဖေ့စ်ဘွတ်ခ်က အသုံးဝင်ပါတယ်။

အဲဒီလို Sexy ဓာတ်ပုံတွေရိုက်ပြီးတော့ ဖေ့စ်ဘွတ်ခ်ပေါ်တင်တဲ့အခါမှာ ပရိသတ်တွေရဲ့ တုံ့ပြန်မှုအခြေအနေကရောဘယ်လိုရှိသလဲ။

တစ်ရာမှာဆယ်ရောက်လောက်က ဝိုင်းဆဲတယ်။ မျိုးစုံတွေပြောခံရတယ်။ ဒါပေမဲ့အားပေးတဲ့သူက ၉ဝလောက်ရှိတဲ့အတွက် ဇွန်ကတော့ ဆက်လုပ်သွားဖို့ပဲရှိပါတယ်။ အားမပေးတဲ့သူတွေကိုလည်း အခုလိုဝေဖန်ပေးတဲ့အတွက်လည်း အများကြီးကျေးဇူးတင်ပါတယ်။

အဲဒီလိုဆိုးရွားစွာ ဝေဖန်ပြောဆိုလာကြတဲ့အပေါ်မှာ ဇွန်သဉ္ဇာအနေနဲ့ စိတ်ထဲဘယ်လိုဖြစ်မိသလဲ။

အစကတည်းက အဲဒီလိုတွေပြောမယ်။ အဲဒီထက်ဆိုးတာတွေကြားရမယ် ဆိုတာကိုလည်း သိတယ်။ မျှော်လင့်ပြီးသားဖြစ်တဲ့အတွက်ဘာမှတော့ သိမ်မခံစားပါဘူး။ ကွန်းမန့်တွေက မိုက်ရိုင်းတယ်။ မိုက်ရိုင်းတဲ့ သူတွေကို Block လုပ်ပစ်လိုက်ပါတယ်။ ဘာမှတော့ပြန်ပြီး ရန်တွေ့မနေတော့ပါဘူး။

အနုပညာလောကထဲကို လျှောက်လှမ်းဖြစ်တဲ့ အဓိကအကြောင်းအရင်းလေး သိပါရစေ။

ဇွန်အရင်ကတည်းက သရုပ်ဆောင်ဖြစ်ချင်တာပါ။ ဒါပေမဲ့ သရုပ်ဆောင်ဖြစ်ဖို့ဆိုတာ ခက်ခဲပြီးတော့ ဒုက္ခတွေရောက်နေရတာများတော့ Photo မော်ဒယ်လ်ပိုင်းကို လုပ်ကြည့်ရင်းနဲ့မှ အကျိုးပေးပြီး အောင်မြင်သွားတယ်လို့ ပြောလို့ရပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ဇွန်သဉ္ဇာ သရုပ်ဆောင်တဲ့ အလုပ်ကိုပဲ ဦးတည်ပြီးလုပ်ကိုင်သွားမှာပါ။ Professional သရုပ်ဆောင်တစ်ယောက်အဖြစ် ရပ်တည်ခွင့်ရပြီဆိုရင်တော့ ဇွန်အတိုင်းမသိဝမ်းသာမိမှာပါ။ အောင်မြင်ချင်တာလည်းပါပါတယ်။ သရုပ်ဆောင်အဖြစ်ရပ်တည်ချင်တာလည်းပါပါတယ်။

အခုလိုမျိုးဖြစ်လာဖို့အတွက် ဘာတွေရင်းနှီးပေးဆပ်ခဲ့ရတာတွေရှိခဲ့သလဲ။-

အများကြီးပေးဆပ်ခဲ့ရပါတယ်။ ဒီအနုပညာအလုပ်တွေစလုပ်မယ်။ Photo မော်ဒယ်လ်အဖြစ် စလုပ်မယ်ဆိုကတည်းက လုပ်ခွင့်ရဖို့အတွက်ကို မိဘတွေနဲ့အများကြီးအတိုက်အခံလုပ်ခဲ့ရတယ်။ ပညာရေးတွေဆုံးရှုးံခဲ့ရတယ်။ အလုပ်အကိုင်တွေ ဆုံးရှုးံခဲ့ပြီးတော့မှ အားလုံးရဲ့အပစ်ပယ်ခံခဲ့ရပြီးမှ တစ်ယောက်တည်း ကြိုးစားရုန်းကန်ခဲ့ပြီးတော့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ခဲ့ရပြီးတော့မှပဲ ဒီအနုပညာအလုပ်တွေကိုလုပ်ခွင့်ရခဲ့ပါတယ်။

Sexy poseတွေ ရိုက်ရဲတာနဲ့ပတ်သက်ပြီးသိပါရစေ။

ဓာတ်ပုံရိုက်တာကျတော့ pose တွေအနေနဲ့သမားရိုးကျတွေအရမ်းများတယ်။ sexy ဆိုလည်းသာမာန် sexyပုံတွေပဲများတော့ ကိုယ်ကလူတွေအများကြီးကြားထဲမှာ ဘယ်လိုထိုးဖောက်မလဲ၊ ဘယ်လို ထူးခြားအောင်လုပ်မလဲပေါ့၊ သူများနဲ့တူနေရင်သူများတွေနဲ့ level တူတူလောက်သွားကျမှာ ဖြစ်တဲ့အတွက်ကြောင့် နည်းနည်းလေးထူးခြား စေချင်တာကြောင့် နောက်ပိုင်းမှာလည်း ဓာတ်ပုံ ခပ်ကြမ်းကြမ်းလေးတွေ ရိုက်လာတာများတော့လေ ဓာတ်ပုံဆရာတွေကလည်း ဒီလိုတွေ ရိုက်ချင်တယ်။ ကိုယ်ကလည်း သူများထက်ထူးချင်တာနဲ့ ဓာတ်ပုံတွေကို ခပ်ကြမ်းကြမ်းရိုက်ဖြစ်သွားတယ်။

Sexy pose တွေရိုက်တဲ့အခါမှာ ဘာကိုအဓိကပြသချင်တာလဲ။

ကိုယ့်ရဲ့ဝတ်ထားတဲ့ ဖက်ရှင်ဒီဇိုင်းရယ်၊ သူများတွေနဲ့မတူတဲ့ခပ်ကြမ်းကြမ်းပိုစ့်တွေရယ်။ ကိုယ့်ရဲ့ခန္ဓာကိုယ်အလှကောက်ကြောင်းတွေကို အဓိကပြချင်တာပါ။

 

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *