ရုပ်ရှင်ဘက်ကိုကူးဖို့ လုံးဝစိတ်ကူးမရှိဘူးလို့ ဖွင့်ဟလိုက်တဲ့ ကျော်ထွဋ်ဆွေ

988724_10202331420115916_1352019138_n.jpg
Shares 0

Hip Hop မြူးဇစ်ကို နှစ်ခြိုက်တဲ့ ပရိသတ်တွေ သဘောကျအားပေးကြတဲ့သူတွေထဲမှာ Rock Star က ကျော်ထွဋ်ဆွေဆိုတဲ့ ရက်ပ်ပါ တစ်ယောက်လည်း အပါအ၀င်ပါပဲ။ ရှိုးပွဲတိုင်းမှာ မပါမဖြစ် ရက်ပ်ပါ တစ်ယောက်အနေနဲ့ ရပ်တည်လာနိုင်ခဲ့တဲ့ ကျော်ထွဋ်ဆွေနဲ့ တွေ့ဆုံခိုက် သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေအကြောင်း မေးကြည့်ဖြစ်တဲ့အခါမှာတော့ သူက ‘အခုသင်္ကြန်သီချင်းတွေ ရေးဖြစ်နေတယ။် မာစတာသင်္ကြန်နဲ့ ကိုယုန်လေးလုပ်တဲ့ အခွေနှစ်ခွေပေါ့။ မာစတာသင်္ကြန်အခွေက နန်းသူဇာနဲ့နောက်တစ်ခွေက နီနီခင်ဇော်နဲ့လားမသိဘူး။ နှစ်ပုဒ်လုံးမှာ ကျွန်တော့်အပိုင်းက ကျွန်တော်ပဲ ရေးပါတယ်’တဲ့။

Let’s Go Documentary မှာပါဝင်ဖြစ်တဲ့အကြောင်းကိုလည်း ‘ပေါ့ပေါ့ပါးပါးပဲ ပြီးတော့ ခရီးလဲသွားရမယ် ဆိုတာနဲ့လက်ခံဖြစ်သွားတာပါ။ သရုပ်ဆောင်တာထက် ကိုယ်အပြင်မှာ ခရီးသွားတဲ့အတိုင်းပဲ ရိုက်တာဆိုတော့ မင်းသားလို အိုက်တင်ပိုင်းတော့မရဘူး။ အဲဒီလို သရုပ်ဆောင်ခိုင်းရင်လဲ ရမှာ မဟုတ်ဘူး။ ဒါရိုက်တာကတော့ ဒိုင်ယာလော့ခ်လေးတွေချပေးတယ်။ ကျန်တာကတော့ ပုံမှန်အပြင်က အတိုင်းပဲရိုက်ထားတာပါ။ နောက်ပိုင်း လာကမ်းလှမ်းရင်တော့  သူငယ်ချင်းတွေနဲ့ဆိုလက်ခံဖြစ်မှာပါ။ ရုပ်ရှင်ဖက်ကိုတော့ ကူးဖို့အစီအစဉ်မရှိပါဘူး။’လို့ သူက ဖွင့်ဟပါတယ်။

၂၀၁၄ ချစ်သူများနေ့အတွက် ဘယ်လိုဖြစ်သန်းမယ်ဆိုတာကိုလည်း သူက ‘ ကျွန်တော်ရှိုးပွဲ သွားဆိုရမယ်။ ချစ်သူနဲ့ တူတူဆိုရမှာပေါ့။ အချစ်ဆိုတာကတော့ ရှိလဲကောင်းတယ်။ မရှိလဲကောင်းတယ်။ တိုင်ပင်ဖော်၊ တိုင်ပင်ဖက်ပေါ့။ ရွေးချယ်ထားတဲ့ ချစ်သူကတော့ ကျွန်တော့်ဘ၀အတွက် တော်တော်လေးကို ပြီးပြည့်စုံစေပါတယ။် အရင်က ၅၀ ရာခိုင်နှုန်း ဆိုရင်အခု ရာခိုင်နှုန်းအပြည့် ဖြစ်သွားတာပေါ့။ မင်္ဂလာသတင်းကတော့ လိုပါသေးတယ်’တဲ့။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *