ဖေ့စ်ဘွတ်ခ်က အချိန်ကို အလကားသက်သက် ကုန်စေတယ်လို ယူဆကြသူတွေရှိပါတယ်။

532532_547440825292932_1133806636_n.jpg
Shares 0

ဖေ့စ်ဘွတ်ခ်က အချိန်ကို အလကားသက်သက် ကုန်စေတယ်လို ယူဆကြသူတွေရှိပါတယ်။ တကယ်တမ်း ကောင်းတဲ့ ဘက်ကဖြည့်တွေးကြည့်ရင် ဖေ့စ်ဘွတ်ခ်က ကိုယ့်အတွက် အောက်ပါကောင်းကျိုးတွေ ပေးစွမ်းနိုင်ပါတယ်။

  •  ဖေ့စ်ဘွတ်ခ်မှာ သူငယ်ချင်းများများရှိတာကောင်းပါတယ်။ ကိုယ်က အကြံအဥာဏ်လိုအပ်တဲ့အခါမျိုး ဒါမှမဟုတ် သတင်းအချက်အလက်လိုအပ်နေတာမျိုးတို့ ဆိုရင် status တင်လိုက်ရုံနဲ့  ဖေ့စ်ဘွတ်ခ်ထဲမှာ ရှိကြတဲ့ သူငယ်ချင်းတွေက ဝိုင်းဝန်းကူညီပြီး အဖြေရှာပေးနိုင်ကြပါတယ်။
  •  ဂိမ်းကစားခြင်းက ဆိုးကျိုးတွေရှိသလို ကောင်းကျိုးတွေကိုလဲ ပေးနိုင်ပါတယ်။ ဖေ့စ်ဘွတ်ခ် ဂိမ်းတွေ ဆော့ကစားရင်း ဆန်းသစ်တဲ့ အတွေးတွေနဲ့  အကဲဖြတ်ဝေဖန်နိုင်တဲ့ အရည်အသွေးတွေ တိုးမြင့်လာနိုင်စေပါတယ်။
  •  စိတ်ဝင်စားတဲ့ အကြောင်းအရာတွေ ဥပမာ ကိုယ်မသိရသေးတဲ့ လူမှုရေး၊ ပညာရေး၊ နိုင်ငံရေး အစရှိတဲ့ သတင်း ဗဟုသုတတွေ ကိုဖေ့စ်ဘွတ်မှာ ရှဲလ်လုပ်ကြသူများရှိလို့  သူတို့ တွေကြောင့် အသိပညာ ဗဟုသုတတွေ ပိုရနိုင်ပါတယ်။ စာဖတ်ပျင်းသူတွေတောင်မှ ဖေ့စ်ဘွတ်ခ်ရဲ့ ဆွဲဆောင်မှု အားကြောင့် News Feed မှာပေါ်တဲ့ စာတွေကို မလွတ်တမ်းလိုက် ဖတ်တတ်တဲ့ အကျင့်ရသွားကြပါတယ်။
  •  ငြင်းခုံပြောဆိုခြင်းက ဦးနှောက်ကို လေ့ကျင့်ခန်းလုပ်ပေးတာနဲ့ တူပါတယ်။ ဖေ့စ်ဘွတ်ခ်က ငြင်းခုံပြောဆိုလို့  အကောင်းဆုံးနေရာ တစ်ခုပါပဲ။ ဒီလို ငြင်းခုံပြောဆိုဖို့ ဆိုတာ အကျိုးအကြောင်းဆီလျော်ဖို့ ၊ အကြောင်းပြချက်ကောင်းဖို့ လို အပ်ပါတယ်။ ဒါကြောင့်မလို့  ဆိုရှယ်နက်ဝေါ့ခ်တွေမှာ တိကျမှန်ကန်စွာနဲ့  ငြင်းခုံပြောဆိုခြင်းတွေကလဲ ကိုယ်ရည်ကိုယ်သွေးမြှင့်နည်း တစ်မျိုးလို့ လဲ ဆိုလို့ ရပါတယ်။
  •  ဖေ့စ်ဘွတ်ခ်သုံးစွဲသူ တချို့ က လက်တွေ့ ဘဝမှာ စာရေးပျင်းကြတဲ့သူတွေဖြစ်ပြီး ဖေ့စ်ဘွတ်ခ်ပေါ်ရောက်ရင်တော့ ကဗျာဆရာအလား၊ စာရေးဆရာအလား သဖွယ် ရေးသားနေကြတာကိုတွေ့ ရပါတယ်။ နောက်ပြီး စကားလုံးအသစ်အဆန်းတွေကိုလည်း ဖေ့စ်ဘွတ်ခ်၊တွီတာ အစရှိတဲ့ ဆိုရှယ်နက်ဝေါ့ခ် မီဒီယာတွေမှာ ကွန့် ပြီး သုံးနှုန်းရေးသားကြတာတွေကို တွေ့ နိုင်ပါတယ်။

http://www.gizmocrazed.com/2013/02/10-ways-facebook-makes-you-smarter/ မှ ကောက်နှုတ်ဘာသာ ပြန်ထားပါသည်။
“Facebook Like” © 3rd August 2010, Owen W Brown, used under a Creative Commons Attribution-ShareAlike license:http://creativecommons.org/licenses/by/2.0/deed.en

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *