ဇနီးကိုအကြမ်းဖက်မှုနဲ့ အဖမ်းခံရတဲ့ Ying Yang Twins အဖွဲ့ဝင်ရပ်ပ်ပါ D-Roc

ying-yang-twins_evanagostini.jpg
Shares 0

 

Atlanta မြို့က Ying Yang Twins အဖွဲ့ဝင် ရပ်ပ်ပါ D-Roc (အမည်ရင်း- Deongelo Holmes)ဟာ ဇနီးသည်ကို ရိုက်မှုနဲ့ အဖမ်းခံလိုက်ရပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလတုန်းက D-Rocဟာ သူ့ဇနီးကို ထိုးခဲ့တာကြောင့် ဇနီးသည်ရဲ့ ဘယ်ဘက်မျက်လုံး မျက်ကွင်းညိုသွားခဲ့တယ်။ ခုလိုအဖမ်းခံရတာ အဲ့ဒီ့က စတယ်လို့ TMZ သတင်းဆိုဒ်ရဲ့ အဆိုအရသိရပါတယ်။

D-Roc ကို “မိသားစု အကြမ်းဖက်မှု” နဲ့ ရဲတွေက တရားစွဲဆိုခဲ့ပါတယ်။ D-Rocဟာ မိသားစုနဲ့ဝေးရာမှာ နေပါ့မယ်ဆိုတဲ့ ခံဝန်ကတိကို လက်မှတ်ထိုးပြီး လွတ်လာခဲ့တယ်လို့ သိရပါတယ်။

Ref:theboombox

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *