RUN YGN Brand ကို မြန်မာနိုင်ငံရဲ့ Brand တွေအများကြီးထဲကမှ ထိပ်ဆုံးနေရာမှာ ရှိနေစေချင်တယ်လို့ ဆိုတဲ့ SZ

1512725_10201687373959759_89725486_n.jpg
Shares 0

RUN YGN Brandဆိုင် ဖွင့်ဖြစ်သွားတဲ့ အကြောင်းအရင်းလေးပြောပြပေးပါအုံး။

ကျွန်တော် ငယ်ငယ်ကတည်းက ဖက်ရှင်ဆိုင်ကို ဖွင့်ချင်ခဲ့တာပါ။ အမေက မိဘမေတ္တာဆိုတဲ့ အထက်ဆင်ဆိုင် ဖွင့်ထားတယ်။ အမေက သူ့လုပ်ငန်းကိုပဲ လုပ်စေချင်တယ်လေ။ ဒါပေမဲ့ ကျွန်တော်ဝါသနာ လုံးဝမပါဘူး။ အစ်ကိုတစ်ယောက် ရှိသေးတယ်။ သူကတော့ ယုဇနပလာဇာမှာ ရှပ်အကျီင်္ိတွေကို လက်ကားဖြန့်တဲ့ ဆိုင်ဖွင့်ထားတယ်။ ကျွန်တော်က သူ့နောက်ကနေ လိုက်ပြီးတော့ မှ ဒီအထည်နဲ့ပတ်သက်တဲ့ ဖက်ရှင်လိုင်းကြောင်းကို လိုက်ပြီးသင်တာပေါ့။ ပြီးမ ဖက်ရှင်ဆိုင်ကို ဖွင့်ဖြစ်ခဲ့တာပါ။

RUN YGN ဆိုင်ကို ဘယ်အချိန်လောက်ကစပြီး ဖွင့်ခဲ့တာပါလဲ။

ကျွန်တော်ပြီးခဲ့တဲ့နှစ် valentine day နေ့မှာ စဖွင့်ခဲ့တာပါ။ အခု valentine day ဆိုရင် တစ်နှစ်ပြည့်ပြီပေါ့။

RUN YGN ဆိုင်ဖွင့်လှစ်ရတဲ့ အဓိက ရည်ရွယ်ချက်ကို သိချင်ပါတယ်။

Rapper တွေရဲ့အဝတ်အစားဖက်ရှင်တွေကို အရမ်းမိုက်စေချင်တယ်။ ဒီနိုင်ငံက rapperတွေ ဘယ်လောက်ထိ ဝတ်နိုင်တယ်ဆိုတာမျိုးကို ပြချင်တာပါ။ Brand တစ်ခုထွက်တိုင်း ဒီက လူတွေက ဈေးသက်သက်သာသာနဲ့ ဝတ်လို့ရမဲ့ အရာတစ်ခုကို ကျွန်တော်က ရှာပေးတာပါ။ ဒီမှာရှိတဲ့ လူတန်းစားအားလုံးက ပစ္စည်းအစစ်တစ်ခုကို ၅သိန်းဆိုတာမျိုးက ဘယ်သူမှ မဝယ်နိုင်ကြပါဘူး။ ကျွန်တော်က အဲဒီလိုပစ္စည်းမျိုးကို ၅သောင်းလောက်နဲ့ ရန်ကုန်က rapper တွေ အားလုံး အဆင်ပြေပြေနဲ့ updateဖြစ်သွားရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဖွင့်ဖြစ်တာပါ။

RUN YGN ဆိုင်မှာ ရနိုင်တဲ့ ပစ္စည်းအမျိုးအစားတွေက ဘာတွေရနိုင်ပါသလဲ။

Update ဖြစ်တဲ့ ဖိနပ်၊ အကျီင်္ိ၊ ဦးထုပ်၊ လွယ်အိတ်အားလုံး အစုံပါပဲ။

Rapper အဆိုတော် တော်တော်များများက RUN YGN Brand ဆိုင်မှာပဲဝယ်ယူကြတဲ့ အပေါ်မှာရောဘာကြောင့်လို့အစ်ကိုထင်သလဲ။

RUN YGN ဆိုင်မဖွင့်ခင်ကတည်းက သူငယ်ချင်းတွေကို ပစ္စည်းတွေရောင်းခဲ့တာ။ ကျွန်တော့်ရဲ့ အိမ်မှာပဲ ပစ္စည်းတွေကို လာဝယ်ကြတယ်။ ပြီးမှပဲ ဆိုင်ဖွင့်ဖြစ်တာဆိုတော့ ပျော်ပါတယ်။ ကိုယ့်ဆီကိုလဲ တကူးတကလာပြီးတော့ အခုလို အားပေးတဲ့အတွက်လည်း ဝမ်းသာပါတယ်။ ကျွန်တော့်ဘက်ကလည်း သေချာဝန်ဆောင်မှုပေးပါတယ်။

အစ်ကို့ အနေနဲ့ အခုလို RUN YGN ဆိုင်ကိုဖွင့်ခဲ့တာကရော နိုင်ငံခြားက အဆိုတော်တွေလိုမျိုး သူတို့ရဲ့ကိုယ်ပိုင် Brand ဆိုင်တွေ ဖွင့်တာမျိုးကိုအားကျလို့ ဖွင့်ခဲ့တာမျိုးဖြစ်မလား။

အရမ်းအားကျပါတယ်။ အဲဒါကြောင့် ဖွင့်ဖြစ်တာလဲပါပါတယ်။ ကိုယ်ပိုင်စီးပွားရေး လုပ်ချင်တာလည်းပါပါတယ်။ အလုပ်ရှိတာနဲ့ အလုပ်မရှိတာနဲ့က မတူဘူးလေ။ အလုပ်ရှိတာကျတော့ ဘယ်လိုပဲဖြစ်ဖြစ် respect ရှိတာ များတယ်လေ။ ဒီအလုပ်ကို သေချာလုပ်ချင်တဲ့စိတ်နဲ့ လုပ်ဖြစ်တယ်။ နောက်လေးလလောက် နေရင် လက်ကားဆိုင် တစ်ဆိုင်ဖွင့်ဖို့ အတွက် ပိုက်ဆံစုနေတယ်။

RUN YGN မှာတင်တဲ့ ပစ္စည်းတွေ အမြဲတမ်း update ဖြစ်နေဖို့အတွက် အစ်ကို့ဘက်ကဘယ်လိုမျိုးတွေ လေ့လာဖြစ်ပါသလဲ။

အင်တာနက်ကနေ ကြည့်ပြီး လေ့လာပါတယ်။ နိုင်ငံခြားမှာရှိတဲ့ ကျွန်တော့်ရဲ့သူငယ်ချင်းတွေက ကျွန်တော့်ဆီကို မဂ္ဂဇင်းစာအုပ်တွေ လှမ်းပို့ပေးတယ်။ ဖက်ရှင်နဲ့ပတ်သက်ပြီး အရင်ကတည်းကလည်း ကိုယ့်ဘာသာကို ထွင်ဝတ်နေကျဆိုတော့ သိပ်ပြီးပြဿနာမရှိပါဘူး။ အမြဲupdate ဖြစ်နေပါပြီ။ တစ်ခြားအရာတွေမှာတော့ မသိပေမဲ့ ဒီဟစ်ပ်ဟော့နဲ့ပတ်သက်လာရင် အမြဲ update ဖြစ်နေပါတယ်။ 

RUN YGN မှာတင်မယ့် ပစ္စည်းတွေအတွက်ရော အစ်ကိုကိုယ်တိုင်၊ ကိုယ်ကျသွားရောက် ဝယ်ယူတာပါလား။

ဟုတ်ပါတယ်။ အစ်ကိုကိုယ်တိုင်ပဲသွားပြီးဝယ်တာပါ။

RUN YGN ဆိုင်ကို ဖွင့်နိုင်ခဲ့ပြီဆိုတဲ့အတွက် အစ်ကို့ရဲ့စိတ်မှာ ဘယ်လိုခံစားမိသလဲ။

တော်တော်လိုသေးတယ်လို့ ခံစားမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစကတော့ ဒီလိုဆိုင်မျိုးကို လက်ကားဆိုင်တွေနဲ့ ယှဉ်မယ်ဆိုရင်တော့ ကျွန်တော့်ရဲ့ဆိုင်က ဘာမှမဟုတ်သေးဘူးလေ။ အချိန်တွေ အားလုံးဆုံးရှုးံရတယ်။ အရင်ကဆို ကိုယ်ကသူငယ်ချင်းတွေနဲ့ အမြဲလျှောက်သွားဖြစ်တယ်။ အခုကျတော့ လူမှုရေးတွေဘာတွေ ပျက်ကွက်ရတာမျိုးတွေရှိလာပြီ။ ကျွန်တော့်ရဲ့ မိသားစုကလည်း သူ့စီးပွားရေးနဲ့သူဆိုတော့ ဆိုင်မှာပဲ ပင်တိုင်ကိုယ်က ထိုင်ဖြစ်နေပြီး ဂျူတီကျသွားသလို ဖြစ်သွားပြီလေ။ ဒါပေမဲ့ ကျွန်တော်ပျော်ပါတယ်။ ကျွန်တော့်ဆီကိုလာတဲ့ customer တိုင်းကို ပုဂ္ဂိုလ်ရေးအရ မခွဲခြားပဲ အားလုံးကိုအတတ်နိုင်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင်ပဲ ကျွန်တော် ရောင်းပေးခဲ့ပါတယ်။ ကျွန်တော်ငြိုငြင်တာမျိုးကိုဘယ်တော့မှမလုပ်ပေးဘူး။ ကျွန်တော့်ဘက်က full service ပေးထားပါတယ်။

အခုဆိုရင် ရန်ကုန်မြို့မှာ အစ်ကို့လို rapper ဆိုင်တွေအများကြီး ဖွင့်ထားတာတွေ ရှိပေမဲ့လို့ အစ်ကို့ရဲ့ RUN YGN ဆိုင်ကပဲ ပိုပြီးတော့ အရောင်းသွက်တယ်လေ။ အဲဒီအပေါ်မှာဖြစ်မိတဲ့ အစ်ကို့ရဲ့ စိတ်ဖီလင်လေးကိုပြောပြပေးပါ။

ကျွန်တော်ကတော့ အရမ်းပျော်ပါတယ်။ feel လည်း ဖြစ်မိပါတယ်။ ကိုယ့်ရဲ့RUN YGN လည်း ပေါက်တဲ့အတွက်လည်း ဝမ်းသာမိပါတယ်။ ပြီးတော့ ကျွန်တော်ခုနကပြောခဲ့သလိုပဲ ကျွန်တော် လုပ်ပေးနိုင်သမျှ အရာအားလုံးကိုကျွန်တော့် customerအားလုံးအပေါ်မှာ လုပ်ပေးခဲ့ပါတယ်။ အဲဒါတွေကြောင့်လို့လဲ ပါမယ်ထင်ပါတယ်။

အခုလက်ရှိ Brandဈေးကွက်ကိုရော အစ်ကို့ အနေနဲ့ ဘယ်လိုမြင်မိသလဲ။

ကျွန်တော်အားအကျဆုံး Brand ကတော့ Giorenzo Brand ပါပဲ။ ကျွန်တော့်ရဲ့အိမ်မက်ပါ။ သူ့လိုမျိုး ကျွန်တော် ဖြစ်ချင်ခဲ့တာပါ။ ကျွန်တော့်ရဲ့ Brand ကတော့ သူတို့တောက်ချလိုက်တဲ့ အထည်တွေ လောက်ပဲရှိပါတယ်။ Brand ဈေးကွက်ကိုတော့ ကျွန်တော် အဲဒီလိုသုံးသပ်မိပါတယ်။ လက်ရှိမှာတော့ Giorenzo Brand က မြန်မာနိုင်ငံမှာအပေါက်ဆုံးပါပဲ။ Giorenzoဆိုရင် ဘယ်သူ့ ကိုမေးမေးတောရော၊ မြို့ရောအကုန်လုံး လူတိုင်းကသိတယ်။ ကျွန်တော်လည်း ကျွန်တော့်ရဲ့ RUN YGN Brand ကို လူတိုင်းသိစေချင်တယ်။ ဒိတ်ဒိတ်ကြဲ Brand တစ်ခုပေါ့။ ထိပ်ဆုံးနေရာမှာရှိနေချင်တယ်။ အဲဒီ့အတွက်လည်း အများကြီး ကြိုးစားသွားမှာပါ။

နောက်ပိုင်းမှာ အစ်ကိုတို့ rapperတွေအနေနဲ့ အခုလိုBrandအဖြစ် ထုတ်လုပ်လာကြတာ မျိုးတွင်တွင်ကျယ်ကျယ် ဖြစ်လာမယ်လို့ထင်မိပါသလား။

ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။ အဲဒီလိုဖြစ်လာရင် အများကြီးကောင်းမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံခြားမှာပေါက်သွားတဲ့ rapper အဆိုတော် တစ်ယောက်စီတိုင်းမှာ သူတို့ရဲ့ကိုယ်ပိုင် Clothing  Brand တစ်ခုတော့ရှိတယ်။ အဲဒီလိုမျိုးပဲ ဖြစ်သင့်တယ်လို့ ထင်ပါတယ်။ ဒီက ဟစ်ဟော့ကိုပိုပြီးတော့ တိုးတက်စေမယ် လို့မြင်မိပါတယ်။ အဲဒီအတွက်အများကြီး ကောင်းနိုင်ပါတယ်။

RUN YGN ဆိုင်တွေမှာ ယောင်္ကျားလေးပစ္စည်းတွေ အပြင်၊ မိန်းကလေးပစ္စည်းတွေရော ရနိုင်ပါသလား။

မိန်းကလေးပစ္စည်းတွေလည်း ရပါတယ်။ ဒါပေမဲ့မိန်းကလေးကတော့နည်းတာပေါ့။ ဖန်စီ၊ ဖိနပ်တို့လောက်ပဲ ရနိုင်ပါတယ်။

RUN YGN ဆိုင်ရဲ့ အားရကျေနပ်မှုရှိရဲ့လား။

ဖြေးဖြေးနဲ့ပုံမှန်ပါပဲ။ လောနေရတာမျိုးလည်း မရှိဘူး။ ကျသွားရတာမျိုးလည်းမရှိပါဘူး။ တစ်နေ့ကိုတော့ ပုံမှန်ရောင်းအားရှိပါတယ်။

လက်ကားဆိုင်ထပ်ပြီးတော့ ဖွင့်သွားမယ်ဆိုတာကရော ဘယ်လိုဖက်ရှင်မျိုးတွေဖြစ်မလဲ။

ဒီထက်ဈေးပေါတဲ့ ဖက်ရှင်တွေရောင်းချသွားမယ်။ ကွာလတီကတော့ အမျိုးမျိုးရှိတယ်။ ၃သောင်းခွဲတန်တဲ့ပစ္စည်းမျိုးဆိုရင် အဲဒီကွာလတီတိုင်းတစ်ပုံစံတည်း ၁သောင်းခွဲတန်ရှိမယ်။ များများဖြုန်းဖို့အတွက် တစ်ဆိုင်ထပ်ဖွင့်နိုင်ဖို့လုပ်နေပါတယ်။ ဈေးကြီးတဲ့ပစ္စည်းတွေ ကျတော့သိပ်မဝတ်နိုင်ကြဘူးလေ။ ဈေးနည်းတဲ့ပစ္စည်းကိုရောင်းရတာ ကျွန်တော်ပိုကြိုက်တယ်။ ဈေးကြီးတဲ့ အထည်ကျန်နေရင် စိတ်ပူရတယ်။ ဈေးကြီးတာရောင်းရတာနဲ့ ဈေးနဲတာရောင်းရတာနဲ့ ထွက်လာတဲ့ အမြတ်ပေါင်းလိုက်ရင် တူတူပဲ။

အစ်ကို့အနေနဲ့လက်ရှိ မြန်မာနိုင်ငံမှာရှိတဲ့  rapperတွေရဲ့ ဖက်ရှင်တွေနဲ့ ပတ်သက်ပြီးဘယ်လိုမြင်သလဲ။

ဒီမှာလည်း အရမ်းUpdate ဖြစ်လာပါပြီ။ Snare ၊ လွှမ်းပိုင်တို့ရဲ့ဖက်ရှင်တွေဆို တော်တော် အရမ်းမိုက်ပါတယ်။ အခုချိန်မှာ အများကြီး ပြောင်းလာပါပြီ။ အရင်ကနဲ့ မတူတော့ပါဘူး။ ရှိုးပွဲလာကြည့်တဲ့ rapper ပရိသတ်တွေက အစ ဝတ်စားတာ မိုက်ပါတယ်။ အရင်ကထက်လည်း ဖက်ရှင်နဲ့ပတ်သက်ပြီး အများကြီး တွင်ကျယ်လာပြီ။

RUN YGN Brand နဲ့ပတ်သက်လို့ ရှေ့ဆက်ပြီးဘာတွေဆက်လုပ်သွားမယ် ဆိုတာရှိရင်ပြောပြပေးပါ။

ဆိုင်ခွဲထပ်ဖွင့်သွားမယ်။ Brand တွေအများကြီး ထပ်လုပ်သွားဖို့ရှိပါမယ်။

         

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *