I Killed the Prom Queen

to_the_wolves.png
Shares 0

 

I Killed the Prom Queen ဟာ ၂၀၀၀ ခုနှစ်မှာဖွဲ့စည်းခဲ့တဲ့ ၾသစေတ်းလ် metalcore ၀ိုင်းဖြစ်တယ်။ လက်ရှိအဖွဲ့ဝင်တွေကတော့

Jona Weinhofen – guitars, clean vocals, keyboards

Kevin Cameron – guitars

Jamie Hope – Lead vocals

Benjamin Coyte – bass

Shane O’Brien – drums တို့ပဲဖြစ်ပါတယ်။

ဒီဝိုင်းဟာ အဓိကအားဖြင့် သြစတျေးလျရဲ့ live လောကမှာပါဝင်ဖျော်ဖြေခဲ့ပြီး အမေရိက၊ ဂျပန်နဲ့ ဥရောပနိုင်ငံတွေမှာ အကြိမ်ပေါင်းများစွာနယ်လှည့်ဖျော်ဖြေခဲ့ပါတယ်။ Studio album အနေနဲ့ When Goodbye Means Forever (2003), Music for the Recently Deceased (2006) တို့ထွက်ခဲ့ပါတယ်။ အခြား ထွက်ရှိမှုတွေကတော့ Choose to Love Ep (2002), Parkway Drive နဲ့တွဲလုပ်တဲ့ EP ဖြစ်တဲ့ I Killed the Pron Queen / Parkway Drive : Split CD (2003),Your Past Comes Back to Haunt You EP (2005), Sleepless Nights and City Lights Live Album/DVD (2008) တို့ဖြစ်ပါတယ်။ ဗီဒီယိုအနေနဲ့တော့ Say Goodbye (2006), Memento Vivere (2012), Thirty One & Sevens (2014) တို့ထွက်ပြီးပါပြီ။

၂၀၀၇ ခုနှစ် ဧပြီမှာ Weinhofen ကအမေရိကန်ဝိုင်း “Bleeding Through ထဲဝင်ခဲ့ပြီး အဲဒီ့အချိန်က drummer Peters က hardcore punk ၀ိုင်း Deez Nuts ကိုဖွဲ့စည်းခဲ့တဲ့အတွက်ဝိုင်းပျက်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်အလယ်မှာတော့  နှုတ်ဆက်နယ်လှည့်ဖျော်ဖြေပွဲလုပ်ဖို့အတွက်ဝိုင်းပြန်ပေါင်းခဲ့ပြီး top 50 မှာ ထိပ်ဆုံးရောက်ခဲ့တဲ့ live album အသစ်နဲ့ DVD Sleepless Nights and City Lights ကိုထုတ်ခဲ့ပါတယ်။

မေလ ၂၀၁၁ မှာတော့ Destory Music နယ်လှည့်ဖျော်ဖြေပွဲအတွက်ဝိုင်းပြန်ဖွဲ့ခဲ့ပြီး တတိယမြောက် studio album လုပ်ဖို့အတွက် အစီအစဉ်တွေကိုပြောပြခဲ့ပါတယ်။

သူတို့ဝိုင်းကိုတော့ ၁၉၉၀ ခုနှစ်အလွန်တွေက hardcore ၀ိုင်းတွေဖြစ်တဲ့ Poison the Well, Converge, Hatebreed, Earth Crisis နဲ့ ဆွီဒင်နိုင်ငံက melodic death metal ၀ိုင်းတွေဖြစ်တဲ့ At the Gates, Soilword နဲ့ In Flames တို့ကလွှမ်းမိုးပါတယ်။ ဂီတဟန်ကိုတော့ melodic metlcore လို့ ဝေဖန်ရေးဆရာတွေက နာမည်တပ်ကြပါတယ်။

၂၀၁၄ ခုနှစ် ဖေဖေါ်ဝါရီ ၁၄ မှာတော့ သူတို့အဖွဲ့ရဲ့ studio album အသစ် Beloved ထွက်မှာဖြစ်ပါတယ်။  နောက်ဆုံးထွက်ရှိတဲ့ ၂၀၀၆ LP Music for the Recently Deceased နဲ့ကွဲပြားတဲ့ဖန်တီးမှုတွေလုပ်ထားတယ်လို့ဆိုပါတယ်။ သူတို့အဖွဲ့ဟာ ဒီ အခွေမှာ လုပ်နိုင်စွမ်းအသစ်တွေချဲ့ထွင်ထားတယ်လို့ဆိုပြီး သူတို့ရဲ့ပုံစံနဲ့ကွဲထွက်တဲ့ ရုတ်တရက်အပြောင်းအလဲကိတော့ မလုပ်ရသေးကြောင်းပြောပါတယ်။

“ကျွန်တော်တို့ကို ကျွန်တော်တို့ တကယ်ပဲ တိုးတက်အောင်လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ခံစားလို့ကောင်းပြီး အဓိပ္ပါယ်ရှိတဲ့ ဂီတကိုလုပ်ဖြစ်တာပါ။ ကျွန်တော်တို့ metalcore ဖြစ်နေရာကနေ Dimmu Borgir လိုပုံစံမျိုးပြောင်းသွားတာမဟုတ်ပါဘူး။ ဒီအခွေက Prom Queen ဟန်အရမ်းပါနေပါသေးတယ်” လို့ Weinhofen ကပြောသွားပါတယ်။

သူတို့ဝိုင်းရဲ့ MTV တွေကိုအောက်က link တွေမှာကြည့်ပါ။

Ref:Wikipedia,exclaim

 

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *