အနာဂတ်မှာ အယ်လ်နီနို ဖြစ်စဉ်တွေ နှစ်ဆဖြစ်ထွန်းဖို့ အလားအလာရှိ

rough-waters-from-storm-by-shellorz.jpg
Shares 0

 

၂၂ရာစုရောက်ရင် အယ်နီနို(El Nino)နဲ့ ဆင်တူတဲ့ သဘာဝကပ်ဘေးတွေ နှစ်ဆပိုဖြစ်ဖို့ အလားအလာရှိတယ်လို့ သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အယ်လ်နီနို(El Nino) ဆိုတာကတော့ ရှုပ်ထွေးပြီး ပုံမှန်မဟုတ်ဘဲ ဖောက်ပြန်တတ်တဲ့ ရာသီဥတုအခြေအနေ အပြောင်းအလဲတွေပါပဲ။ အီကွေတာအနီး ပစိဖိတ်ဒေသတွေကို နှစ်အနည်းငယ်ကြာတိုင်း သက်ရောက်လေ့ရှိပါတယ်။ Peru မြောက်ပိုင်းနဲ့ Ecuador နိုင်ငံတွေမှာ အပူလှိုင်းဖြတ်ပြီး အာဟာရဓာတ်ချို့တဲ့တဲ့ ရေတွေထွက်လာတတ်တယ်လို့ ယေဘုယျအားဖြင့် သတ်မှတ်နိုင်ပါတယ်။ အထူးသဖြင့်တော့ ဒီဇင်ဘာ ၁၅ရက်နောက်ပိုင်း ဖြစ်လေ့ရှိပါတယ်။ အယ်လ်နီနိုရဲ့ အကျိုးဆက်တွေထဲမှာ ပစိဖိတ်ဖြတ်လာတဲ့ လေကြောင်းပြောင်းပြန်တိုက်တာ၊ သြစတြေးလျမှာ မိုးခေါင်တာ၊ တောင်အမေရိကမှာ အချိန်အခါမဟုတ် မိုးသည်းတာ တွေပါပါတယ်။

ပစိဖိတ် သမုဒ္ဒရာထဲက ရေအပူချိန် ဆက်တိုက် မြင့်တက်လာရင် မိုးရွာတဲ့ပုံစံတွေ ပြောင်းကုန်ပါတယ်။ ပြီးတော့ အယ်လ်နီနို(El Nino) ဆိုတဲ့ သဘာဝ ရာသီဥတု အခါသမယတွေဖြစ်လာတော့တာပါပဲ။

အယ်လ်နီနို အလွန်အကျွံကြီးတွေဟာ ၁၀နှစ်တစ်ကြိမ်ဖြစ်လိမ့်မယ်လို့ သြစတြေးလျအပါအ၀င် ကမ္ဘာအနှံ့က သုတေသီတွေက အတည်ပြုပြီးဖြစ်ပါတယ်။ အရင်ရာစုနှစ်တွေတုန်းကတော့ နှစ်၂၀မှာ တစ်ကြိမ်လောက် ဖြစ်တတ်တာပါ။ ဒီတော့ နှစ်ဆပိုလာတော့မယ်ပေါ့။ အကြောင်းရင်းကတော့ လူသားတွေဟာ ကမ္ဘာကြီးပူနွေးအောင် လုပ်မြဲလုပ်နေကြတာ ကြောင့်ပဲဖြစ်တယ်လို့ သိရပါတယ်။

Ref:americanlivewire

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *