တစ်ကိုယ်တော်အခွေ ထွက်နိုင်ဖို့ ကြိုးစားနေတဲ့ နန်းသူဇာ

182677_4360070727708_1738448650_n.jpg
Shares 0

ချစ်စဖွယ် ဟန်ပန်အမူအရာတွေကြောင့် ပရိသတ်ရင်ထဲ ရောက်ရှိလာခဲ့တဲ့ မော်ဒယ်၊ အဆိုတော် နန်းသူဇာဟာ ခုဆိုရင် မြူးဇစ်ဘက်ကိုလည်း ထဲထဲဝင်ဝင် လှုပ်ရှားမှုတွေ ပြုလုပ်လာတာကြောင့် သူမနဲ့ တွေ့ဆုံခိုက် ခုလို မေးမြန်းကြည့်လိုက်တဲ့ အခါမှာတော့ ‘အခုလောလောဆယ် ရှိုးပွဲတွေ ဆိုဖို့ရှိတယ်။ မနက်ဖြန် ပြင်ဦးလွင်သွားဖို့ရှိတယ။် ကြားထဲမှာလဲ ခရီးသွားဖို့ရှိတယ။် နောက်လထဲမှာဆို ချစ်သူများနေ့ရှိုးဆိုရမယ်။ ဘန်ကောက်မှာ ကြော်ငြာသွားရိုက်ဖို့ရှိတယ်။ သူငယ်ချင်းတွေနဲ့ လုပ်ထားတဲ့ အမ်တီဗီအခွေလေးကလည်း၂၀၁၄ ထဲမှာပဲ ထွက်မှာပါ။ သူများတွေကတော့ မင်္ဂလာဆောင်ကြမယ်။ ကိုယ်တွေက အခွေထွက်မယ်။ ဒါရိုက်တာတွေက အောင်မြတ်ပါမယ်။ ကိုထက်ပါမယ်။ ပြီးတော့ သီဟပါမယ်။ ကိုယ်တိုင်ကတော့ ၂ပုဒ်လောက်ပဲ ပါဖြစ်မယ်။ ထူးထူးခြားခြားဆိုတာထက်ကို အခုနောက်ပိုင်းမှာ အမ်တီဗီဆို ဇာတ်လမ်းလေးတွေ လုပ်လာပြီဆိုတော့ ဇာတ်လမ်းပုံစံလေးတွေပါမယ။် တစ်ကိုယ်တော်အခွေ ထွက်ဖို့လဲ ကြိုးစားနေပါတယ်။ ချစ်သူများနေ့ကတော့ မနက်ပိုင်းမှာ မ၀ိုင်းစု မင်္ဂလာဆောင်မှာ ပန်းကြဲရမယ်။ အဲဒီအတွက်လဲ ရင်ခုန်တယ်။ ပျော်လဲ ပျော်နေပါတယ်။ ညပိုင်းကရှိုးဆိုရမယ်ဆိုတော့ အလယ်ပိုင်းက မုန့်သွားစားရင်စားမှာပေါ့။ ချစ်သူကိုပေးမဲ့လက်ဆောင်ကိုတော့ မပြောပြတော့ဘူးနော်။’ လို့ သူမက ဆိုပါတယ်။

အားလုံးသိထားပြီးသား ရက်ပ်ပါကောင်လေးနဲ့ ချစ်သူဖြစ်နေတဲ့ သူမဟာ အချစ်နဲ့ ပတ်သက်တဲ့ ဖွင့်ဆိုချက်ကိုတော့ သူမ‘အချစ်ဆိုတာ တကယ်ချစ်လာပြီဆိုရင် အေးချမ်းမှုတစ်ခုတည်းကို ခံစားရတာ မဟုတ်ဘူး။ ပူလောင်မှုတွေပါ ရောပြီးခံစားရတာပါ။ ကိုယ့်မှာ ကိုယ်ချစ်တဲ့သူကို စိုးရိမ်နေရတယ်။ စိတ်ပူနေရတယ်။ အေးချမ်းမှုကိုတော့ သူနဲ့တူတူရှိနေသရွေ့ ရှာဖွေနေရတာပေါ့နော်။ မိန်းကလေးတိုင်းကတော့ ချစ်သူရည်းစားထားပြီဆိုရင် တစ်ဘ၀လုံးစာအတွက် ဒီတစ်ယောက်တည်းပဲပေါ့နော်။ ဒါပေမဲ့ ကံကလဲပြောလို့မရသေးဘူး။ ကိုယ့်စိတ်ထဲမှာတော့ ဒီတစ်ယောက်ပဲရှိပါတယ်’တဲ့။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *