Samsung ကထုတ်လုပ်လိုက်တဲ့ လက်ပတ်စမတ်ဖုန်း

1175285_563426050361076_1107368446_n.jpg
Shares 0

စက်တင်ဘာလ ၂၅ရက်နေ့ မှာစတင်မိတ်ဆက်ပေးပြီး ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၂၉၉ လို့ သတ်မှတ်ထားပါတယ်။ ယခုအချိန်မှာဆိုရင် Galaxy Note 3 နှင့် Galaxy Note 10.1 တို့နဲ့ အတူတွဲသုံးနိုင်ပါတယ်။
အမေရိကန်နိုင်ငံက Samsung Telecommunications ရဲ့ ဥက္ကဌဖြစ်သူ Gregory Lee က New York Live-stream Event တစ်ခုမှာ သူရဲ့ လက်ပတ်မှာ တပ်ဆင်ထားတာကိုတွေ့ရပါတယ်။ ဒါကြောင့်မို့ လည်း wrist-worn gadget အနေနဲ့ သတင်းတွေပြန့်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီလက်ပတ်အရွယ်အစားက သေးသွယ်သောတဲ့ လက်ကောက်ဝတ်ပိုင်ရှင်တွေနဲ့  သိပ်မအပ်ဆက်ပါဘူး။
ဒီလက်ပတ်ကိရိယာက ကမ္ဘာပေါ်မှာ ဖက်ရှင်တစ်ခုလိုဖြစ်လာနိုင်တယ်လို့  Samsung ရဲ့  အတွင်းရေးမှူးဖြစ်တဲ့ JK Shinက ထင်ကြေးပေးခဲ့ပါတယ်။ ဒီပစ္စည်း ကိရိယာလေးက ဖုန်းခေါ်ဆိုတဲ့နေရာတွေမှာအသုံးဝင်သလို သုံးစွဲသူတွေကိုလည်း SMS updates တွေနဲ့  snap photos တွေပေးစွမ်းနိုင်ပါတယ်။
Galaxy Gear က ၁.၆၃လက်မခန့်သာရှိပြီး AMOLED display ပါဝင်တဲ့အတွက် သုံးစွဲသူများတွေက သူတို့ရဲ့  Samsung phones တွေနဲ့ ချိတ်ဆက်ပြီး S Voice commands တွေပေးနိုင်ပါတယ်။ အရောင်ခြောက်ရောင်နဲ့ ထုတ်လုပ်မှာဖြစ်ပြီး 800 MHz processor နဲ့  RAM 512MB တို့ပါရှိမှာပါ။ ဘတ်ထရီအမျိုးအစားက 315mAh Battery ဖြစ်လို့  တစ်ရက်စာကောင်းကောင်းအသုံးခံပြီး ဘတ်ထရီကုန်မှာစိုးရိမ်တတ်တဲ့သူတွေအတွက် သတင်းကောင်းတစ်ခုဖြစ်ပါတယ်။
အရေးအကြီးဆုံးသတင်းအနေနဲ့  Samsung က ဒီကိရိယာကို ထုတ်လုပ်ရာမှာ third-party developers ဖြစ်တဲ့ health-conscious apps (MyFitnessPal နှင့် RunKeeper) တို့နဲ့ ချိတ်ဆက်ထားလို့  Gear စတင်ပြီဆိုတာနဲ့  social services တွေဖြစ်တဲ့ Path နဲ့  Highlight တို့ပါ တပါးထဲစတင်ပါဝင်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီလအကုန်မှာ Gear အတွက် Application 70 ကျော်ထည့်သွင်းပေးတော့မှာပါ လို့ လည်း Engadget ကကြေညာခဲ့ပါတယ်။

http://techcrunch.com/2013/09/04/samsung-galaxy-gear-official/ မှ ဘာသာပြန်တင်ဆက်ထားပါသည်။

Image source: http://tctechcrunch2011.files.wordpress.com/2013/09/galaxygear.jpg?w=640

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *