အသက် ၄၀ ပြည့်တော့မယ့် Leonardo DiCaprio

leonardo_dicaprio.jpg
Shares 0

 

Leonardo DiCaprio တစ်ယောက်အသက် ၄၀ ပြည့်ပါတော့မယ်။

အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ သရုပ်ဆောင်ဟာ နိုဝင်ဘာလမှာ သူ့ရဲ့ဘ၀မှတ်တိုင် မွေးနေ့ပွဲကိုဆင်နွှဲဖို့ စီစဉ်ထားပြီး လူလတ်ပိုင်းအရွယ်အဖြစ်သတ်မှတ်တဲ့စိတ်ကူးဟာ စိတ်အားငယ်စရာလို့မမြင်တဲ့အကြောင်းနဲ့ အသက် ၄၀ ယောက်င်္ကျားတွေကို အိုတယ်လို့မသတ်မှတ်ကြတော့တဲ့မကြောင်းပြောပါတယ်။

“ ၄၀ ဟာမတူညီတဲ့အရာတစ်ခုကို ကိုယ်စားပြုတယ်လို့ကျွန်တော်ယူဆပါတယ်။ ဒါပေမယ့် ကျွန်တော် ၄၀ အကြောင်းကို အချိန်အကြာကြီးစဉ်းစားလာခဲ့တဲ့အတွက် ကျွန်တော်အဆင်သင့်ဖြစ်နေပါပြီ။

အသက်ငယ်သေးတယ်လို့ ယူဆတဲ့ အတိုင်းအတာဟာ ပိုပြီးမြင့်မြင့်လာသလိုပါပဲ။ ကျွန်တော်အဲဒီ့ စံနှုန်းကိုတတ်နိုင်သရွေ့ကိုင်စွဲထားမှာဖြစ်ပါတယ်” လို့ ShortList မဂ္ဂဇင်းကိုပြောပါတယ်။

Leonardo ဟာသူ့ရဲ့ ဇာတ်ကားအသစ် ‘The Wolf if Wall Street’ ထဲက သူ့ရဲ့ဇာတ်ကောင်ဖြစ်တဲ့ မရိုးသားတဲ့ စတော့ရှယ်ယာသမား Jordan Belfort ကြောင့်လူစိတ်ဝင်စားခံနေရတာဖြစ်ပါတယ်။ ပြီးတော့သူဟာ ဒီဇာတ်ကားထဲကသရုပ်ဆောင်တွေကိုအမှီလိုက်နိုင်ဖို့အတွက် မွေးနေ့ပါတီကြီးတစ်ခုကျင်းပမှာဖြစ်ပါတယ်။

သူ့ရဲ့ဇာတ်ရုပ်က ဒီပါတီအတွက် ဂုဏ်ယူမှာလားလို့မေးတဲ့အခါ ” Jordan တစ်ယောက်ဂုဏ်ယူမှမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့လုပ်မယ့်အရာမှန်သမျှထက်သာအောင် သူလုပ်မှာမို့လို့ပဲ။ ဒါပေမယ့်ဗျာ ကျွန်တော်ကတော့ဆင်နွှဲမှာပဲ” လို့ပြောပါတယ်။

ဒါ့အပြင် သူဟာဆုရရှိဖူးတဲ့ breakdance အကသမားတစ်ယောက်ဖြစ်ကြောင်း ဖွင့်ဟခဲ့တဲ့အတွက် မွေးနေ့ပွဲတက်သူတွေ Leonardo ရဲ့ကကွက်အနည်းငယ်ကိုမြင်တွေ့ရဖွယ်ရှိပါတယ်။

“ကျွန်တော်သရုပ်ဆောင်မဖြစ်ခင်က ကျွန်တော်နေတဲ့ block မှာကျွန်တော်က breakdance သမားဖြစ်ခဲ့ပါတယ်။ တစ်ခါ Germany မှာတုန်းက Pop-lock အကအတွက်ကျွန်တော်ဆုရဖူးပါတယ်” လို့ပြောပါတယ်။

Ref:starpulse

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *