Big Bang မှ G-Dragon နှင့် Taeyang တို့နှစ်ဦး Paris Fashion Week သို့ ဖိတ်ကြားခံရ

big-bang-fashionistas-g-dragon-and-taeyang-invited-to-paris-fashion-week.png
Shares 0

          Big Bang G-Dragon နဲ့ Taeyang တို့ဆိုတာ ဖက်ရှင်စတားတွေလို့ အများက လက်ခံသတ်မှတ် ထားကြသူတွေပါ။ 2014 Paris Fashion Week မှာတော့ ဒီဖက်ရှင်စတားနှစ်ဦးကို ဖိတ်ကြားထားတယ်လို့ သိရပါတယ်။

          ဒီသတင်းကို ဇန်န၀ါရီလ ၁၆ ရက်နေ့က YG Entertainment က ထုတ်ပြန်ခဲ့တာဖြစ်ပြီး သူတို့နှစ်ဦးဟာ ဒီဖက်ရှင်ပွဲကိုတက်ရောက်ဖို့ ပြစ်သစ်နိုင်ငံ ၊ ပဲရစ်မြို့ကို ဇန်န၀ါရီလ ၁၅ ရက်နေ့က ထွက်ခွာသွားပါပြီ။ နိုင်ငံတကာက နာမည်ကြီးအနုပညာရှင်တွေ တက်ရောက်မြဲဖြစ်တဲ့ ဒီ ပဲရစ်ဖက်ရှင်ရှိုးဟာ နှစ်စဉ် စည်ကားစွာကျင်းပလေ့ရှိပါတယ်။ ဒီပွဲမှာ G-Dragon တို့နှစ်ဦးဟာ ပွဲအစီအစဉ်မှာ ပါဝင်ဖို့မဟုတ်ဘဲ အနုပညာရှင် အထူးဧည့်သည်တော်အနေနဲ့ ဖိတ်ကြားခြင်းခံရတာပါ။ သူတို့နှစ်ဦး တက်ရောက်မယ့် ပွဲကတော့ Fall/Winter Menswear collection ပွဲဖြစ်ပြီး ကိုရီးယားနိုင်ငံနဲ့ ရာသီဥတုခြင်း ကိုက်ညီတာကြောင့် ဖက်ရှင်တွေကိုလည်း လေ့လာအသုံးချလို့ ရနိုင်မှာပါ။

          ဒီပွဲမှာတော့ Valentino , Chanel အစရှိတဲ့  နာမည်ကြီး brand တွေရဲ့ ဒီဇိုင်းတွေကို ပြသသွားမှာပါ။ Big Bang အနေနဲ့ မကြာသေးခင်ကပဲ အိုဆာကာ ဂျပန် 6 dome tour ကို အောင်မြင်စွာ ကျင်းပထားနိုင်ခဲ့တဲ့ အချိန်လည်းဖြစ်တာကြောင့် အောင်မြင်မှုတွေ ဆက်တိုက်ရနေတယ်လို့လည်း ဆိုနိုင်ပါတယ်။

Ref:kpopstarz

 

          

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *