Butcher Babies

butcher_babies_2.jpg
Shares 0

Butcher Babies ဟာ Los Angeles, California က အမေရိကန် metal ၀ိုင်းတစ်ဝိုင်းဖြစ်ပါတယ်။ ရှေ့ထွက်အဆိုတော်အမျိုးသမီးနှစ်ဦးဖြစ်တဲ့ Heidi Shepherd နဲ့ Carla Harvey, ဂစ်တာသမား Henry Flury , bass သမား Jason Klein နဲ့ drummer  Chris Warner တို့နဲ့ ၂၀၁၀ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဒီဝိုင်းဟာအခုအချိန်ထိတော့ EP တစ်ခွေ နဲ့ စတူဒီယို album တစ်ခုပဲထွက်ရှိထားသေးတဲ့ ၀ိုင်းသစ်ဖြစ်ပါတယ်။ MTV အနေနဲ့တော့ Mr. Slowdeth (2012), Magnolia Blvd (2013) နဲ့ I Smell a Massacre (2014) တို့ထွက်ထားပါတယ်။ ကတော့ Live Video ဖြစ်ပါတယ်။ ပွဲဦးထွက် album “Goliath” ကို ၂၀၁၃ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့မှာ Century Media Records ကထုတ်ခဲ့ပါတယ်။ ထုတ်ပြီး ပထမပါတ်မှာပဲ အချပ်ရေပေါင်း ၃၃၀၀ ကို US မှာရောင်းချခဲ့ရပါပြီး Billboard Heatseeker ဇယားရဲ့ နံပါတ် ၁ ကိုချိတ်ခဲ့ပါတယ်။ Billboard 200 ဇယားမှာတော့နံပါတ် ၁၀၇ ကိုချိတ်ခဲ့တာဖြစ်ပါတယ်။

Butcher Babies ရဲ့ဂီတကို ဝေဖန်ရေးသမားတွေက Neo-Thrash, shock rock နဲ့ Heavy Metal အဖြစ်ဖေါ်ပြကြပါတယ်။ Marilyn Manson, Slayer, Slipknot နဲ့ အခြားသောဝိုင်းများစွာက သူတို့ကိုလွှမ်းမိုးပါတယ်လို့ ပြောပါတယ်။ ဒါပေမယ့် သူတို့ဝိုင်းရဲ့အကြီးမားဆုံးလွှမ်းမိုးတာကတော့ Plasmaticsပဲဖြစ်ပါတယ်။ အင်တာဗျူးတစ်ခုမှာ “ကျွန်တော်/ကျွန်မတို့ဟာ Wendy O.Williams ရဲ့ပရိတ်သတ်တွေပါ။ Plasmatics ရဲ့သီချင်းဖြစ်တဲ့ Butcher Baby ကနေဒီနာမည်ကိုယူထားတာဖြစ်ပါတယ်။ Wendy က တကယ်မိုက်တဲ့သူတစ်ယောက်ပေါ့။ ဘယ်သူတွေဘယ်လိုထင်ထင် သူကဂရုမစိုက်ဘူး။ အဲဒီ့စိတ်ဓာတ်က ကျွန်တော်/ကျွန်မတို့နဲ့သွားတူတာ” လို့ပြောသွားပါတယ်။ Detroit ဒေသမှာကြီးပြင်းပြီး မတူညီတဲ့လူမျိုးစုနှစ်ခုအကြား ကြီးပြင်းခဲ့တဲ့ကလေးတစ်ယောက်အနေနဲ့ hard rock နဲ့ metal ကိုကြိုက်ရတဲ့အကြောင်းရင်းများစွာရှိပါတယ်။ ပြီးတော့ အမေရိကန်လူမည်းတွေအပါအ၀င် ကျွန်မကြိုက်တဲ့ဂီတကိုတီးတဲ့ ဂီတသမားတွေကိုကြည့်ဖြစ်တာဟာ “F**k you, ငါဆန္ဒရှိတာကိုငါကြိုက်မယ်” လို့ထုတ်ပြောနိုင်တဲ့ကြံ့ခိုင်မှုကိုရစေပါတယ်” လို့ Revolver မဂ္ဂဇင်းနဲ့ interview မှာ Carla ကပြောပါတယ်။ The Texas Chain Saw Massacre, House of 1000 Corpse နဲ့ The Devils Rejects တို့လို သဲထိပ်ရင်ဖိုဇာတ်လမ်းတွေကလဲသူတို့ကို တော်တော်လေးလွှမ်းမိုးပါတယ်လို့လဲ အင်တာဗျူးမှာပြောပါတယ်။

Butcher Babies အဖွဲ့ဟာသူတို့ရဲ့ စတိပ်ဆင်ပေါ်က ရန်လိုတဲ့အသွင်အပြင်တွေကြောင့်နာမည်ကြီးပါတယ်။ ရင်သားနေရာမှာဘာမှမ၀တ်ပဲ သားမြတ်ခေါင်းတွေပေါ်မှာ တိပ်တွေကပ်ထားတာမျိုးကိုတွေ့ရမှာဖြစ်ပါတယ်။ ဒီအ၀တ်အစားစိတ်ကူးကို Plasamatic ၀ိုင်းက Wendy O.Williams ဆီကရတယ်လို့ဆိုပါတယ်။

The Butcher Babies ဟာ မကြာသေးခင်ကပဲ Rockstar Energy Drink Mayhem 2013 ဂီတပွဲတော်မှာဖျော်ဖြေခဲ့တာဖြစ်ပြီး မကြာခင်ကာလမှာတော့ Danzig, Texas Hippie Coalition, A Pale Horse Named Death တို့နဲ့အတူ နယ်လှည့်ဖျော်ဖြေပွဲလုပ်မှာဖြစ်ပါတယ်။

သူတို့အဖွဲ့ရဲ့ MTV တွေကို အောက်က link တွေမှာ ကြည့်ရှုနားဆင်နိုင်ပါတယ်။

Ref:Wikipedia

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *