ပျံဝဲနေရသလို ခံစားစေရမယ့် ကန်ဒေါ်လာ(၁၃၀၀)တန် စကိတ်ဘုတ်

b.jpg
Shares 0

 

၂၀၁၃ခုနှစ်မှာ ရမယ်လို့ မျှော်ခဲ့ကြတဲ့ လေပေါ်ပျံ hoverboard တွေတော့မရနိုင်သေးပေမဲ့ ဘီးတစ်လုံးတပ် ကိုယ်တိုင်ဟန်ချက်ထိန်း စကိတ်ဘုတ်ကို စီလီကွန်တောင်ကြားဒေသ၊ နည်းပညာကုမ္ပဏီတွေက ဖန်တီးထုတ်လုပ်လိုက်ပါပြီ။ ကန်ဒေါ်လာ(၁၃၀၀)တန် ဒီစကိတ်ဘုတ်ကို Onewheel လို့ခေါ်ပါတယ်။ လုံးတီးပြိုင်ကားငယ်မှာ သုံးတဲ့ ကားတာယာကို တပ်ဆင်ပေးထားပါတယ်။

တစ်နာရီ ၁၂မိုင်နှုန်းထိ အရှိန်မြှင့်မောင်းနိုင်ပြီး စကိတ်ဘုတ်အလျား အတွင်း ၃၆၀ ဒီဂရီ လှည့်လည်နိုင်ပါတယ်။ သူ့ကိုယ်သူ ဟန်ချက်ထိန်းနိုင်ဖို့အတွက် သုံးထားတဲ့ အာရုံခံကိရိယာကတော့ စမတ်ဖုန်းတွေမှာ တွေ့ရတဲ့ ဟာမျိုးတွေပါပဲ။

“Back to the Future” ရုပ်ရှင်ဇာတ်ကားထဲမှာ တွေ့ရတဲ့ လေပေါ်ပျံ hoverboard တွေမျိုးဖြစ်လာဖို့အတွက် Onewheelဟာ အလှမ်းကွာနေသေးပေမယ့် Onewheelဟာ ပျံဝဲနေရတဲ့ ခံစားမှုမျိုးပေးစွမ်းနိုင်ကြောင်း ဖန်တီးထုတ်လုပ်ထားသူတွေက အာမခံထားပါတယ်။

Ref:dailymail 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *