2014 Masters စနူကာပြိုင်ပွဲမှာ ကမ္ဘာ့စနူကာချန်ပီယံ Ronnie O’Sullivan ကွာတားဖိုင်နယ် အဆင့်သို့ တက်ရောက်သွားပြီ

60697.3.jpg
Shares 0

အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ ၊ မှာ လက်ရှိကျင်းပနေတဲ့ 2014 Masters စနူကာပြိုင်ပွဲကြီးမှာ ကမ္ဘာ့စနူကာချန်ပီယံ Ronnie O’Sullivan က ပြိုင်ဘက် Robert Milkins ကို ၆ – ၁ ပွဲ နဲ့ အသာအယာအနိုင်ယူကာ ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းသွားပြီးဖြစ်ပါတယ်။ Masters စနူကာချန်ပီယံဆုကို လေးကြိမ်တိုင်တိုင်ရရှိထားတဲ့ Ronnie O’Sullivan ဟာ Robert Milkins နဲ့  ယှဉ်ပြိုင်ကစားရာမှာ ၅ ပွဲ – ၀ ပွဲ ဆက်တိုက်အနိုင်ရရှိခဲ့ပေမယ့် ခြောက်ပွဲမြောက်မှာ နည်းနည်းပေါ့ဆခဲ့တာကြောင့် Robert အတွက် အခွင့်အရေးတစ်ခုရခဲ့ပေမယ့် ခုနှစ်ပွဲမြောက်မှာတော့ Ronnie က ပြတ်ပြတ်သားသားအနိုင်ယူကာ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။

ကွာတားဖိုင်နယ်အဆင့်မှာ Ronnie ဟာ  Barry Hawkins ဒါမှမဟုတ် Ricky Walden တစ်ယောက်ယောက် နဲ့ တွေ့  ဆုံရမှာဖြစ်ပြီး  လက်ရှိ Masters ချန်ပီယံ Mark Selby ကတော့ John Higgins နဲ့  ကွာတားဖိုင်နယ်အဆင့်မှာ ယှဉ်ပြိုင်ရအုန်းမှာဖြစ်ပါတယ်။

Dafabet က ပထမဆုံးအကြိမ် စပွန်ဆာပေးထားတဲ့ MASTERS ပြိုင်ပွဲမှာ ချန်ပီယံဆုကြေးငွေအဖြစ် ယူရို နှစ်သိန်းချီးမြှင့်မှာ ဖြစ်ပြီး ဒီပြိုင်ပွဲရဲ့ ရမှတ်တွေနဲ့  စနူကာကမ္ဘာ့အဆင့်ကို ထည့်သွင်းတွက်ချက်မှာမဟုတ်ဘူးလို့  သိရပါတယ်။

နောက်ဆုံးဖိုင်နယ်ပွဲစဉ်မှာ လက်ရှိချန်ပီယံ Mark Selby နဲ့ ကမ္ဘာ့စနူကာချန်ပီယံ Ronnie O’Sullivan တို့ တွေ့  ဆုံဖို့ အလားအလာများနေပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *