ငါသည်သာ ငါပြိုင်ဘက်လို့ သဘောထားတယ်လို့ဆိုတဲ့ နီနီခင်ဇော်

1376426_356262821175385_1531524974_n.jpg
Shares 0

ကျောင်းပြီးသွားပြီလို့ဆိုလာတဲ့ နီနီခင်ဇော် က အနုပညာအလုပ်တွေကို တစ်စိုက်မတ်မတ် ပြန်လည်လုပ်ကိုင်လာသလို နယ်ရှိုးမသွားဖြစ်တာ ၆ နှစ်လောက်ရှိခဲ့ပေမယ့် ခုဆို  နယ်ရှိုးတွေလဲ သွားဆိုဖို့ရှိတာကြောင့် သူမနဲ့တွေ့ဆုံခိုက် မေးမြန်းကြည့်လိုက်တဲ့အခါ ‘နီအခု မာရီယိုအခွေလေးကို MTVရိုက်နေတယ်။ မျှော်လင့်ချက်တစ်စုံတစ်ရာ သီချင်းကတော့ရိုက်ပြီးပြီ။ ဒါပေမဲ့ အဆင်မပြေတာလေး တစ်ခုရှိတဲ့ အတွက် ပြန်ရိုက်ရမယ်။ နောက်လေယာဉ်ပျံသီချင်းဆိုလဲ လေယာဉ်ပေါ်မှာ ရိုက်ဖို့ နီနီကြိုးစားနေတယ်။ အခုနီနီလဲ ကျောင်းပြီးသွားပြီဆိုတော့ အနုပညာ အလုပ်တွေကို တစ်စိုက်မတ်မတ် လုပ်လို့ရပြီပေါ့နော်။ မာရီယိုအခွေလေးက စီဒီမှာကတည်းက အရမ်းပေါက်ခဲ့တာဆိုတော့ နီနီအနေနဲ့ အားလျော့လို့မရဘူးပေါ့နော်။ ပရိသတ်က တလေးတစားနဲ့ အားပေးထားတာဆိုတော့ ပရိသတ် စိတ်ကျေနပ်မှုရှိအောင် MTV မှာ နီနီကြိုးစားရမှာပေါနော့်။ သရုပ်ဆောင်တွေအနေနဲ့ကတော့ နီနီကိုယ်တိုင်လဲ ပါဝင်သရုပ်ဆောင်ထားသလို တတ်သစ်စ သရုပ်ဆောင်တွေလဲ အများကြီးပါတယ်။ ဒါရိုက်တာတွေကတော့ စုံပါတယ်။ အစုံပဲ။ နီနီကတော့ ငါသည်သာ ငါ့ပြိုင်ဘက်လို့ သဘောထားထားတယ်။ ကြားထဲမှာ နီနီ ဂီတနဲ့ ပတ်သတ်ပြီး ပေါ့လျော့ခဲ့တာတွေလဲ ရှိပါတယ်။ အဲဒါတွေ အားလုံးကို ခွင့်လွှတ် သည်းခံပြီး နားလည်ပေးတဲ့ ပရိသတ်တွေ အားလုံးကို နီနီ ကျေးဇူး အရမ်း တင်ပါတယ်။ ကျောင်းလဲပြီးသွားပြီ ဖြစ်တဲ့အတွက် နီနီရဲ့ မာရီယိုအခွေလေးကို အားသွန်ခွန်စိုက်ကြိုးစားနေပါတယ်။ လောလောဆယ်မှာတော့ နီနီ စိတ်ကျဉ်းကျပ်မှုတွေဖြစ်နေတဲ့အတွက် စာလဲ မကျက်ချင်သေးဘူး။ အဲဒါကြောင့် ဂီတကိုပဲ ဦးစားပေးဖြစ်နေဦးမှာပါ’ လို့ပြောပြခဲ့ပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *