၂၀၁၃ ခုနှစ် အတွက် ဖီဖာက ရွေးချယ်လိုက်တဲ့ ကမ္ဘာ့အကောင်းဆုံး ၁၁ ယောက် အသင်း

2260396_full-lnd.jpg
Shares 0

တင်္နလာနေ့ က ပြုလုပ်ခဲ့တဲ့ ဖီဖာကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ချီးမြှင့်ပွဲမှာ ဖီဖာဟာ ၂၀၁၃ ခုနှစ် အကောင်းဆုံးကစားသမား ၁၁ ယောက် စာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။ ဗြိတိလျှကစားသမား ငါးဦး ပါဝင်ခဲ့ပြီး ဘာစီလိုနာ ၊ ဘေယန်မြူးနစ်၊ ပီအက်စ်ဂျီ၊ ရီးယဲလ်မက်ဒရစ် စတဲ့ ကလပ်အသင်းလေးသင်းက ကစားသမားတွေသာ ပါဝင် ခဲ့ပြီး ပရီးမီးယားလိဂ်ကလပ်အသင်းက ကစားသမားတစ်ယောက်မှ မပါဝင်ခဲ့ပါဘူး။ မနှစ်က ချီးမြှင့်ခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံးဘောလုံးအသင်း မှာလည်း လာလီဂါကစားသမားတွေသာ ပါဝင်ခဲ့ပြီး ဒီနှစ်မှာလည်း လာလီဂါ ကစားသမားတွေ အများဆုံးတွေ့ ရှိခဲ့ရပါတယ်။ ဂျာမနီကစားသမား နှစ်ယောက် ၊ ဘရာဇီးကစားသမား နှစ်ယောက် ၊ စပိန်ကစားသမား သုံးယောက် ၊ ပေါ်တူဂီကစားသမား တစ်ယောက်၊ ဆွီဒင် ကစားသမား တစ်ယောက်၊ ပြင်သစ်ကစားသမား တစ်ယောက်၊ အာဂျင်တီးနား ကစားသမား တစ်ယောက် တို့  ဖြစ်ပါတယ်။ အင်္ဂလန် ၊ အီတလီ ကစားသမားတစ်ယောက်မှ ပါဝင်ခြင်းမရှိခဲ့ပါဘူး။

ဖီဖာ ကမ္ဘာ့အကောင်းဆုံးကစားသမားအသင်း

Manuel Neuer, Dani Alves, Thiago Silva, Sergio Ramos, Philipp Lahm, Franck Ribery, Xavi Hernandez, Andres Iniesta, Lionel Messi, Zlatan Ibrahimovic, Cristiano Ronaldo

Ref: bbc.com

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *